အသက် (၂) နှစ်သာ ရှိသေးပေမယ့် ဒီဂျေကို ကျွမ်းကျင်စွာ တီးခတ်နိုင်သူ


တောင်အာဖရိကနိုင်ငံမှာရှိတဲ့ အသက် (၂)နှစ်အရွယ် ကလေးငယ်တစ်ဦးဟာ ဒီဂျေကို ကျွမ်းကျင်းစွာ တီးခတ်နိုင်ခဲ့တာမို့ အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။ လက်ရှိ အချိန်မှာ အဲဒီကလေးငယ်ရဲ့ ဒီဂျေတီးခတ်မှု ကို နှစ်သက်စွာ အားပေးနေတဲ့ ပရိသတ်က ထောင်ပေါင်းများစွာရှိနေပြီဖြစ်ပါတယ်။

ထူးခြားတာကတော့ ဒီကလေးငယ်ရဲ့ ဒီဂျေ တီးခတ်မှုကို နှစ်သက်တာကြောင့် ရှောပင်း မောလ်တွေမှာ လာရောက်တီးခတ်ဖို့ ဖိတ်ခေါ် ခြင်းခံနေရပြီ ဖြစ်ပါတယ်။ ဂျိုဟန်နက်စ်ဘတ် မြို့မှာနေထိုင်တဲ့ အေဂျေဟာ ဖခင် ဖြစ်သူကြောင့် ဒီဂျေတီးခတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အေဂျေ အသက်(၁) နှစ်အရွယ်မှာ ဖခင်ဖြစ် သူဟာ အိုင်ပက်ကို ၀ယ်ယူပြီး ကိုယ်ကာယ လေ့ကျင့်ခန်းတွေကို ပြုလုပ်ဖို့ စီစဉ်ခဲ့ပါတယ်။

ကိုယ်ကာယလေ့ကျင့်ခန်းတွေနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေကို အိုင်ပက်နဲ့ ဒေါင်းလော့ပ် ဆွဲခဲ့ပါတယ်။ ဒီအချိန်မှာ အေဂျေဟာ အိုင်ပက်ကို အသုံးပြုပြီး သံစဉ်တွေကို စတင် နားဆင်ခဲ့ပါတယ်။ ဒီနောက် အိုင်ပက်ကို အသုံးပြုပြီး ဒီဂျေတီးခတ်မှု ပြုလုပ်ခဲ့ပါတယ်။ ဖခင် ဖြစ်သူ ကလည်း ပစ္စည်း ကိရိယာအစုံအလင် ၀ယ်ယူပြီး မြေတောင်မြှောက်ပေးမှု ပြုလုပ်ခဲ့ပါတယ်။ အေဂျေဟာ ဖေ့ဘွတ်ခ်မှာ ပရိသတ် (၃၀၀၀၀)ကျော်ပိုင်ဆိုင်ထားပြီး ထူးခြားလှတဲ့ ဒီဂျေတီးခတ်မှုတွေကြောင့် အားပေးမှုတွေ အများ အပြား ရရှိနေတယ်လို့ ဆိုပါတယ်။

messenger

မှတ်ချက်များ