ခင်ပွန်းရဲ့ နောက်ဆုံးဆန္ဒဆိုပဲ...


ခင်ပွန်းဖြစ်သူရဲ့ နောက်ဆုံးခရီးကို သူ့ရဲ့ အလိုဆန္ဒအတိုင်းဖြည့်ဆည်းပေးနိုင်ဖို့ထိုင် ဝမ်အမျိုးသမီးက ကြိုးစားအကောင်အထည်ဖော် ပေးလိုက်နိုင်ခဲ့ပါတယ်။ ခင်ပွန်းသည် ရဲ့ နာရေးအခမ်းအနားအချိန်မှာ အဖော်အချွတ်အကမယ်တွေကိုငှားရမ်းပြီးခင်ပွန်းသည်အခေါင်းဘေးပတ်လည်မှာ တေးသီချင်းကကွက်များဖြင့်
ဖျော်ဖြေစေခဲ့တာပဲဖြစ် ပါတယ်။

ခင်ပွန်းဖြစ်သူက သူမကွယ်လွန်ခင်မှာ သူနောက်ဘဝများကူးပြောင်းသွားချိန် နောင် အသက်ဝိဥာဏ်တဖန်ဖြစ်သွားချိန်မှာ မိန်းမလေးတွေကိုပဲ မြင်ရစေဖို့အတွက် တောင်း ဆိုခဲ့ဖူးတာကြောင့်ပဲဖြစ်ပါတယ်။ 

အတွင်းခံဘရာဇီယာနဲ့ လည်သာအောက်ခံဘောင်းဘီ၊ စကတ်အတိုအပြတ်တို့ကိုသာ ဝတ်ဆင်ထားတဲ့ အကမယ်အမျိုးသမီးလေးတွေက အသုဘခန်းမအတွင်း အလောင်း စင်ဘေးမှာ ကကွက်မျိုးစုံဖြင့် တင်ဆက်သွားခဲ့တဲ့ ဒီအသုဘအခမ်းအနားက လာရောက် ကြည့်ရှုကြတဲ့သူတွေနဲ့ အသုဘလိုက်လံပို့ဆောင်ကြသူတွေအများအပြားစည်ကားခဲ့ ပြီး ကမ္ဘာ့သတင်းမီဒီယာတွေမှာလည်း အထူးအဆန်းသတင်းအဖြစ် ဖော်ပြခံခဲ့ရပါ တယ်။

ဖိုးသူတော်

မှတ်ချက်များ