သင်္ကြန်မဏ္ဍပ်များ ပိတ်ရက်အတွင်း မဖျက်သိမ်းပါက ဒဏ်ကြေးကောက်ခံမည်


ရန်ကုန်မြို့အတွင်းရှိ သင်္ကြန်မဏ္ဍပ်များ ဧပြီ ၂၁ရက်အ တွင်း အပြီးဖျက်သိမ်းခြင်းမရှိပါ က ဒဏ်ကြေးကောက်ခံအရေးယူ သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မ တီမှ သတင်းရရှိသည်။

ယင်းမဏ္ဍပ်များအနေဖြင့် သင်္ကြန်အပြီး ငါးရက်အတွင်းအ ပြီးဖျက်သိမ်းရန် ညွှန်ကြားထား ပြီးဖြစ်ကာ ဌာနဆိုင်ရာရုံးများပြန် လည်ဖွင့်လှစ်ပါက မဏ္ဍပ်ဖျက် သိမ်းသည့် လုပ်ငန်းခွင်များ ကြောင့် ယာဉ်ကြောကျပ်တည်းမှု မဖြစ်ပေါ်စေရန် စီစဉ်ညွှန်ကြား ထားကြောင်း မဏ္ဍပ်များစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးကပြောသည်။

‘‘သင်္ကြန်မဏ္ဍပ် ဆောက် လုပ်ခွင့် ပေးကတည်းကလည်း စည်းကမ်းချက်ထဲမှာထည့်အသိ ပေးထားသေးတယ်။ သတ်မှတ် ရက်မပြီးရင် သူတို့တင်ထားတဲ့ စပေါ်ငွေထဲက ဒဏ်ကြေးကောက် ယူသွားမှာပါ။

ဘယ်၍ဘယ်မျှဆို တာကတော့ လူကြီးတွေဆုံးဖြတ်မှာ။ အတိအကျတော့ မသိရသေးဘူး’’ ဟု ရန်ကုန်မြို့
တော်စည်ပင်သာယာရေးကော်မတီအင်ဂျင်နီယာဌာန(လမ်း/တံတား)ဒုတိယ ဌာနမှူးဦးစိုးသိန်းအောင်က
 ပြောသည်။

သင်္ကြန်ပွဲတော်အပြီးတွင် မဏ္ဍပ်ကြီးအချို့မှာ ချက်ချင်းဖျက် သိမ်းမှုများပြုလုပ်နေပြီဖြစ်သော် လည်း အရွယ်အစားကြီးသည့်အ တွက် သုံးရက်တာကာလအထိ အချို့မဏ္ဍပ်များမှာ ၇၀ရာခိုင်နှုန်း ခန့်သာ ဖျက်သိမ်းနိုင်သေးသည်ဟု ကန်တော်ကြီး ပတ်လမ်းမှ မဏ္ဍပ် ဆောက်လုပ်ရေးကန်ထရိုက်ကိုလှဝင်းကပြောသည်။

‘‘မဏ္ဍပ်ကြီး တစ်ခုလုံး ငါး ရက်အတွင်း အပြီးဖျက်သိမ်းဖို့က လွယ်တော့မလွယ်ဘူး။ ပြီးအောင် တော့ကြိုးစားနေကြတာပဲ။ တချို့ မဏ္ဍပ်တွေဆို အခုမှ စဖျက်ရုံရှိ သေးတော့ သတ်မှတ်ကာလအ တွင်း ပြီးဖို့ခက်ခဲ
မယ့်သဘောမှာ ရှိတယ်’’ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး နယ်နိမိတ်အတွင်း ယခုနှစ်တွင် မဏ္ဍပ် စုစုပေါင်း ၄၁ လုံး ဆောက်လုပ်ခဲ့ပြီး မဏ္ဍပ် ကြီးတစ်ခုလျှင် အာမခံကြေးကျပ်သိန်းတစ်ရာ၊ မဏ္ဍပ်လတ်တစ်ခုလျှင်ကျပ်သိန်းငါးဆယ်ကိုရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီသို့
ပေးသွင်းထားရကာသတ် မှတ်စည်းကမ်းချက်ဖောက်ဖျက် ပါက ပြစ်ဒဏ်အလိုက်ပေးဆောင် ရမည့် 
ဒဏ်ကြေးများကို ယင်းအာ မခံစပေါ်ငွေထဲမှ ရယူသွားမည် ဖြစ်ကြောင်းသိရသည်။

သင်္ကြန်ကာလ အတွင်း မဏ္ဍပ်များ စည်းကမ်းချိုးဖောက် မှုနှင့် ပတ်သက်၍လည်း စည်း ကမ်းထိန်းသိမ်းရေးအဖွဲ့ မှတ် တမ်း အချက်အလက်များရယူစိ စစ်နေသည့်ကာလဖြစ်၍ ယနေ့ အချိန်အထိ စည်းကမ်းဖောက် ဖျက်သည့် မဏ္ဍပ်အရေအတွက် ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း ဦးစိုးသိန်းအောင်ကပြောသည်။

ယခုနှစ်တွင် မဏ္ဍပ်ဆောက် လုပ်ခွင့်အတွက် လျှောက်ထားသူ ၂၀၀ကျော်ရှိခဲ့ပြီး သက်ဆိုင်ရာကမဏ္ဍပ် ၄၁ လုံးသာဆောက်လုပ် ခွင့်ပြုခဲ့သည်။ ယခင်နှစ်က မဏ္ဍပ်ဆောက်လုပ်ခွင့်အတွက် ၁၂၀ ဦးခန့်လျှောက်ထားခဲ့
ပြီး မဏ္ဍပ် ၇၆ ခုခန့် ဆောက်လုပ်ခွင့်ချထားပေးခဲ့ ကာ ထိုစဉ်က သတ်မှတ်ကာလအ တွင်း အပြီးဖျက်သိမ်း
ခြင်း မရှိ သော မဏ္ဍပ်များကို ကျပ်သုံးသိန်းခန့်အထိ ဒဏ်ကြေးရိုက်ခဲ့ ကြောင်း ကန်ထရိုက်တာများက ပြောသည်။

7day

မှတ်ချက်များ