မြင်းခြံမြို့မှ နေပြည် တော်သို့ ဘုရားဖူးလာသောယာဉ် တိမ်းမှောက် (၅)ဦးသေဆုံး


နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် တောင်ညိုအုပ်စု ကြီးပွားရွာ၌ ယနေ့နံနက် ၃ နာရီခွဲက ဘုရားဖူးယာဉ် တိမ်းမှောက်မှုဖြစ်ပွား ခဲ့သည်။

ဖြစ်စဉ်မှာ မြင်းခြံမြို့မှ နေပြည် တော်သို့ လူဦးရေ ၂၆ ဦး တင်ဆောင် လာသည့် JAC အမျိုးအစား 5H/-- ------ ဘုရားဖူးယာဉ်သည် ကြီးပွား ကျေးရွာ ပင်းသီးပေါက်ကွေ့ မိုင်တိုင် (၂ဝ/၁)အနီး၌ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ လူကြီးနှစ်ဦးနှင့် ကလေးနှစ်ဦး ပွဲချင်းပြီးသေဆုံးကာ ဒဏ်ရာရရှိသည့် လူနာများအား နေပြည်တော် ခုတင် ၁ဝဝဝ သို့ ဆက်လက်ပို့ဆောင်ခဲ့ရာ ဆေးရုံတွင် လူနာတစ်ဦး ထပ်မံသေဆုံးသွားခဲ့ ကြောင်း သိရသည်။

အဆိုပါနေရာသည် တောင်ညို ကျေးရွာနှင့် အဝေးပြေးလမ်းမကြီးသို့ သွားသော သုံးပွင့်ဆိုင်လမ်းကြော ဖြစ်သည့်အပြင် ယာဉ်မတော်တဆမှု များမှာ ယခင်က အကြိမ်(၃ဝ)ထက် မနည်း မကြာခဏဖြစ်ပွားခဲ့ကြောင်း နှင့် ယာဉ်ကြောလမ်းပြမှုစနစ် ထားရှိ ပေးမှုအားနည်းနေကြောင်း သိရှိရပြီး ယခုဖြစ်ပွားသည့် ယာဉ်တိမ်းမှောက် မှုမှာ အခြေအနေဆိုးရွားကြောင်း ဒေသခံပြည်သူများ၏ ပြောကြားချက် အရ သိရသည်။

Myanmaalinn

မှတ်ချက်များ