နျူးကလီးယားစက်ရုံ လည်ပတ်နေပြီလို့ မြောက်ကိုရီးယားပြော


မြောက်ကိုရီးယားက Yongbyon နျူကလီးယားစက်ရုံ စတင်လည်ပတ်နေပြီလို့ ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားက အရည်အသွေးရှိတဲ့ နျူကလီးယားလက်နက်တွေကို အရေအတွက်တိုးမြှင့်နေတယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန KCNA က ထုတ်ပြန်ပါတယ်။

မြောက်ကိုရီးယားက ၂၀၀၇ ခုနှစ်မှာ Yongbyon ဓာတ်ပေါင်းဖိုကို ရပ်တန့်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ပြန်လည် လည်ပတ်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ဓာတ်ပေါင်းဖိုလည်ပတ်မှုဟာ နျူကလီးယား လက်နက်ထုတ်လုပ်ရာမှာ အသုံးပြုလို့ရမယ့် ပလူတိုနီယံ ထုတ်လုပ်နိုင်ဖို့ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ အမေရိကန်ရဲ့ ရန်လိုမှုကို နျူကလီးယားလက်နက်တွေနဲ့ အချိန်မရွေးရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ KCNA သတင်းက ဆိုပါတယ်။

ဒါပေမယ့်အခုလို မြောက်ကိုရီးယားရဲ့ ထုတ်ဖော်ပြောဆိုမှုတွေကို သေသေချာချာ ရှင်းရှင်းလင်းလင်း မသိရှိနိုင်သေးပါဘူး။

သူတို့အနေနဲ့ အသေးစား လက်နက်ဖြစ်တဲ့ ဒုံးကျည်မှာတပ်ဆင်နိုင်တဲ့ အနုမြူ ထိပ်ဖူးလက်နက်ကို ထုတ်လုပ်နိုင်ခဲ့တယ်လို့လည်း မြောက်ကိုရီးယား အစိုးရက ပြောဆိုခဲ့ပါတယ်။

BBC Burmese

မှတ်ချက်များ