ရုပ်ချင်းချွတ်စွပ် ဆင်တူပြီး ချစ်သူတစ်ယောက်တည်းနဲ့ မျှပေါင်းနေကြတဲ့ အမြွှာညီအစ်မ
တစ်ကုတင်မှာအိပ်ပြီး ချစ်သူတစ်ယောက်တည်းကို မျှခဲ့ကြကာ နည်းနည်းလေးမှ မခွဲမခွာ အတူရှိခဲ့ကြတဲ့ ရုပ်ချင်းချွတ်စွပ်တူတဲ့ သြစတြေးလျ အမြွှာပူးနှစ်ယောက်ဟာ ကမ္ဘာ့ရုပ်ချင်းချွတ်စွပ်ဆင်တူမှု အရှိဆုံးအမွှာပူးအဖြစ် နာမည်ပေးခံခဲ့ကြရပါတယ်။
Anna နဲ့ Lucy Decinque က သူတို့စုငွေ $250,000 ကျော်ကို ရုပ်ချင်းလုံးဝ ချွတ်စွပ်တူညီမှုဖြစ်စေဖို့ ရင်သားပြုပြင် တပ်ဆင်ခြင်း၊ နှုတ်ခမ်းပြုပြင်ဖြည့်စွက်ခြင်း၊ မျက်ခုံးနဲ့မျက်တောင်အတု ပြုလုပ်ဖို့ အသုံးပြုခဲ့ကြပါတယ်။
သြစတြေးလျနိုင်ငံမြောက်ပိုင်း Perth က အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ သူတို့ဟာ (၁) မိနစ်သာခြားကာ မွေးဖွားခဲ့သူတွေဖြစ်ပါတယ်။ ပရိသတ်တွေရှိနေတဲ့ မျက်လှည့်ပြပွဲမှာ ပါဝင်ဖို့ ဖိတ်ခေါ်ခံခဲ့ရပြီး ဂျပန်အမြွှာပူးတစ်တွဲကတော့ သူတို့လို တစ်ထေရာဖြစ်အောင် ဆင်တူမှုတွေကို မယှဉ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
Anna နဲ့ Lucy ကြားခြားနားချက်ကို ကွန်ပျူတာတောင် ရှာမတွေ့ဖြစ်တဲ့နောက်မှာတော့ ၄င်းတို့အမြွှာပူးက “The World Most Identical Twins” ကမ္ဘာ့ရုပ်ချင်း အဆင်တူဆုံး အမြွှာပူး ဂုဏ်ပုဒ်ကို ရရှိခဲ့ပါတယ်။
နေအိမ်မှာ မိခင်ဖြစ်သူနဲ့ အတူနေထိုင်တဲ့ Anna နဲ့ Lucy တို့က ချစ်သူတစ်ဦးတည်းကို မျှခဲ့ကြပြီး ဒါကို ချစ်သူစုံတွဲ ဘဝတစ်ခုအတွက် ပြီးပြည့်စုံတဲ့ အခြေအနေတစ်ခုလို့လည်း သူတို့ယုံကြည်ထားပါတယ်။ အရင်ကတော့ နှစ်ယောက်လုံးမှာ သီးခြား အချစ်ရေး စိတ်ဝင်စားမှုတွေ ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။
Victor - Trend Myanmar

မှတ်ချက်များ