နယူယော့ခ်မြို့မှာ လူစွမ်းကောင်းတွေ ဖြစ်ခဲ့တဲ့ ဆွီဒင်နိုင်ငံမှ ရဲများ


ဆွီဒင်နိုင်ငံက ရဲတွေဟာ အမေရိကန်သို့ လာရောက် လည်ပတ်စဉ်မှာ မှုခင်း တစ်ခုကို တားဆီးပေးနိုင်ခဲ့ တာကြောင့် သူရဲကောင်းတွေ ဖြစ်ခဲ့ကြောင်း နယူးယော့ခ်ပို့စ် သတင်းစာက ရေးသား ဖော်ပြခဲ့ ပါတယ်။ ဆွီဒင် ရဲတပ်ဖွဲ့ဝင် လေးဦးဟာ နယူးယော့ခ်မြို့ကို သွားရောက် လည်ပတ်ရာမှာ မြေအောက် ရထားစီးနင်းခဲ့ ပါတယ်။ ဒီအချိန်မှာ လူတစ်ဦးဟာ မီးရထားပေါ်မှာ ရန်ရှာဖို့ ကြိုးစားခဲ့ ပါတယ်။ ဆွီဒင် ရဲတပ်သား လေးဦးဟာ မျက်စိ ရှေ့မှာ ဖြစ်ပျက်နေ တာကို လက်ပိုက်ကြည့် မနေဘဲ ရန်ရှာသူကို ဖမ်းဆီးနိုင်ဖို့ ကြိုးစားခဲ့ ပါတယ်။ ဒီဖြစ်ရပ်ဟာ အမေရိကန် သတင်းစာတွေမှာ နာမည်ကျော် သွားခဲ့ပြီး ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အသက်(၂၅) နှစ်အရွယ်ရှိ ဆွီဒင်ရဲတပ်ဖွဲ့ဝင် အော့စ်ဘတ်က မိမိတို့သည် အပန်းဖြေ ခရီးထွက်လာ ခြင်းသာ ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် အမေရိကန်တွင် ရှိစဉ် ယခုကဲ့သို့ ဖြစ်ရပ်နှင့် ကြုံခဲ့သော်လည်း သူရဲကောင်းများ မဟုတ်ကြောင်း ရှင်းလင်း ဟြေကြားခဲ့ ပါတယ်။ ရထားပေါ်မှာ ရမ်းကား သူကို ဆွီဒင် ရဲတပ်ဖွဲ့ဝင် လေးဦးက တားဆီးခဲ့တာ ဖြစ်ပြီး ဒါကို ဗီဒီယိုရိုက်ကူးထား ပါတယ်။ဗီဒီယိုဖိုင်ကို ပြန်ကြည့်တဲ့အခါ ဆွီဒင် ရဲတပ်ဖွဲ့ဝင် လေးဦးဟာ ရမ်းကားသူကို ဖမ်းဆီးရာမှာ သတိထား ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။

ဒီနောက် နယူးယော့ခ်မြို့မှ ရဲတွေ ရောက်လာပြီး ရမ်းကားသူကို ဖမ်းဆီးသွားခဲ့ပါတယ်။ ကာဗာဇီ အမည်ရ ရဲတပ်ဖွဲ့ဝင် တစ်ဦးက မိမိတို့သည် တာဝန်ရှိသူများ မဟုတ်ကြောင်း၊ သို့သော် အကူအညီ လိုအပ်နေ သောကြောင့် ၀င်ရောက် ဆောင်ရွက်ပေး ခြင်းသာ ဖြစ်ကြောင်း ဟြေကြားခဲ့ ပါတယ်။

messenger

မှတ်ချက်များ