အကြားအာရုံ ချို့တဲ့သူများအတွက် ဖုန်းများ ထိုင်းတွင် တပ်ဆင်


အကြားအာရုံ ချို့တဲ့သူများအတွက် တယ်လီဖုန်းရုံ အသစ်များကို ထိုင်းနိုင်ငံ တ၀န်းမှာ တပ်ဆင်နေပါတယ်။

ဒီအတွက် အကြားအာရုံချို့တဲ့သူတွေအနေနဲ့ သူငယ်ချင်းတွေနဲ့ ဆက်သွယ်နိုင်မှာ ဖြစ်သလို အစိုးရထံကို
လည်း မကျေမနပ်တာတွေ ပြောဆိုနိုင်ပြီးအရေးပေါ်ဖုန်း ခေါ်ဆိုမှုတွေ ပြုလုပ်နိုင်မယ်လို့ ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ့်သတင်းမှာ ရေးပါတယ်။

ဒီဖုန်းမှာ ၂ ဦးအပြန်အလှန်ဆက်သွယ်နိုင်ဖို့ ဖန်သားပြင်ပါရှိမှာ ဖြစ်ပြီး ဆက်သွယ်သူတွေက လက်
သင်္ကေတဘာသာနဲ့ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါအပြင် စာသား မက်ဆေ့ခ်ျတွေကိုလည်း ဖုန်းရဲ့ 
ခလုတ်တွေကို အသုံးပြုပေးပို့နိုင်မှာ ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဒီစနစ်က အကြားအာရုံမသန်စွမ်းတဲ့သူတွေကို အစိုးရ ၀န်ဆောင်
မှုတွေနဲ့ပတ်သက်ပြီး တိုင်တန်းပြောဆိုနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီစနစ်ကို အမျိုးသား အသံလွှင်နဲ့ တယ်လီဖုန်းဆက်သွယ်ရေး ကော်မရှင်က မသန်စွမ်းများသူများရဲ့ ယူနီဗာဆယ် ဖောင်ဒေးရှင်းနဲ့ ပူးပေါင်းဆောင်ရွက်လိုက်တာ ဖြစ်ပါတယ်။

ဒီစနစ်ကို အသုံးပြုဖို့ အတွက်ကတော့ ကွန်ပြူတာ အခြေခံ ရှိဖို့လိုတယ်လို့လည်း ဆိုပါတယ်။
တယ်လီဖုန်း ၁၂၀ ကို ကျောင်းနဲ့ ရဲဌာန အနီးနားမှာ နိုင်ငံတ၀န်းတပ်ဆင်ပေးမှာ ဖြစ်ပါတယ်။

DVB

မှတ်ချက်များ