တရုတ်ပြည်မှာ အဆိပ်ဓာတ် ပါဝင်တဲ့ ကွန်ဒုံး အတုတွေ ဖမ်းဆီးရမိ
တရုတ်နိုင်ငံဟာ အတုအပ ပြုလုပ်ရာမှာ ထင်ရှား ကျော်ကြားပြီး ကွန်ဒုံးတွေ ကိုတောင် အတုပြုလုပ်ရောင်းချ နေတယ်လို့ ဒေးလီး မေးလ်း သတင်း တစ်ရပ်မှာ ဖော်ပြထား ပါတယ်။ တရုတ်နိုင်ငံ တစ်ဝန်း နေရာဒေသ (၈) ခုမှာ ကွန်ဒုံး အတုပေါင်း (၃) သန်းကျော် သိမ်းဆည်းရမိပြီး တန်ဖိုး အားဖြင့် ပေါင် (၁ ဒသမ ၃) သန်း ရှိခဲ့တယ်လို့ ဆိုထားပါတယ်။
ဟီနန်ဒေသက ထုတ်လုပ်တဲ့ ကွန်ဒုံးမှာ ပါဝင်တဲ့ အဆီဟာ ကျန်းမာရေးနဲ့ ညီညွတ်မှု မရှိတာကြောင့် နာမကျန်းမှုတွေ ဖြစ်ပေါ်စေ ပါတယ်။ ကွန်ဒုံးမှာ အာစင်နစ်လို ဓာတုဗေဒ အဆိပ်တွေ ပါဝင်နေပြီး ဆိုးဝါးစွာ ပြုလုပ်ထား တာကြောင့် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ကွန်ဒုံးအတု ပြုလုပ် ရောင်းချသူတွေ ထဲမှာ အမျိုးသမီးတွေ ပါဝင်နေ ပါတယ်။ အမျိုးသမီး တစ်ဦး ဆိုရင် ကာမ အားတိုးဆေး အတု ပြုလုပ် ရောင်းချမှုကြောင့် ဖမ်းဆီးခံရဖူး ပါတယ်။ မာကျူရီ၊ အာစင်နစ်လို အဆိပ်တွေ ပါဝင်နေ ပေမယ့် တာဝန်ရှိသူတွေ ကတော့ ဘာအဆိပ်တွေ ပါဝင်ကြောင်းကို တိကျစွာ သတင်း ထုတ်ပြန်ထားခြင်း မရှိပါဘူး။
ကွန်ဒုံးအတုတွေ ထဲမှာ နာမည်ကျော် Durex တံဆိပ် ပါဝင်နေပြီး ပြင်ပပေါက်ဈေး ထက် အဆ (၃၀) လျော့နည်းတဲ့ ဈေးနဲ့ ရောင်းချနေတာ ဖြစ်ပါတယ်။ ကွန်ဒုံး အတုတွေဟာ ပြည်နယ်ဒေသတွေမှာ ဖမ်းဆီးခဲ့ တာကြောင့် အိမ်နီးချင်း နိုင်ငံတွေ ကိုလည်း ရောက်ရှိ သွားဖွယ် ရှိပါတယ်။ ရဲတပ်ဖွဲ့ တာဝန်ရှိ သူတွေကတော့ ကွန်ဒုံး အတုတွေဟာ အန္တရာယ်ရှိ တာကြောင့် သိမ်းဆည်းမှုတွေ ပြုလုပ်နေကြောင်း ရှင်းလင်း ပြောကြားခဲ့ ပါတယ်။
Messenger

မှတ်ချက်များ