အာရှတွင် လွှမ်းမိုးမှုအရှိဆုံး အနုပညာရှင်ဆု ရရှိခဲ့တဲ့ ရိန်း
တောင်ကိုရီးယား အဆိုတော် ရိန်းသည် Venetian Macao ဟိုတယ် Cotai ခန်းမတွင် ကျင်းပပြုလုပ်သော ၁၉ ကြိမ်မြောက် တရုတ်တေးဂီတဆုပေးပွဲ (CMA) တွင် အာရှတွင် လွှမ်းမိုးမှုအရှိဆုံး ကိုရီးယား အနုပညာရှင်ဆုကို ရရှိခဲ့သည်။
“ဒီနေ့ ဒီလိုနေရာမှာ ရပ်တည်နိုင်ဖို့အတွက် ကျွန်တော့ကို အားပေးခဲ့တဲ့ ပရိတ်သတ်များကို ကျေးဇူးတင်ပါတယ်။ CMA ကိုလည်း
ကျေးဇူးတင်ပါတယ်။ အကောင်းဆုံး အနုပညာရှင်အဖြစ် အမြဲတမ်း ကြိုးစားသွားမှာပါ” ဟု ရိန်းက ဆုပေးပွဲတွင် ပြောကြားခဲ့သည်။
ရိန်းသည် ဆုပေးပွဲတွင် ၎င်း၏ တေးသီချင်းများဖြစ်သော 30 Sexy နှင့် La Song တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်းနှင့် အဆိုပါဆုပေးပွဲကို တရုတ်နိုင်ငံအတွင်းရှိ ဒေသ ၅၄ ဒေသကို တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်။
အသက် ၃၂ နှစ်အရွယ်ရှိ ရိန်းသည် အဆိုတော် တစ်ယောက်အဖြစ် အနုပညာလောကအတွင်းသို့ ဝင်ရောက်ခဲ့ပြီးနောက် သရုပ်ဆောင်မင်းသားအဖြစ် လုပ်ဆောင်ခဲ့ကြောင်းနှင့်မကြာမီက တရုတ်ဒရမ်မာဇာတ်လမ်းတွဲ Diamond Lover ဇာတ်လမ်းကို ရိုက်ကူးပြီးစီးခဲ့သည်။ရိန်းသည် ၎င်း၏ ချစ်သူ သရုပ်ဆောင်မင်းသမီး အသက် ၃၄ နှစ်အရွယ်ရှိ ကင်ထယ်ဟီးနှင့် လက်ထပ်တော့မည်ဆိုသည့် ကောလဟာလ သတင်းများကို ငြင်းဆိုခဲ့သည်
Mizzima

မှတ်ချက်များ