မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်သည် နိုင်ငံတွင် အမြင့်ဆုံးတောင်သို့ တက်ရောက်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာက အတည်ပြုဖော်ပြသည်။
ကင်ဂျုံအွန်က နှင်းဖုံးသည့် တောင်ထိပ်ပေါ်ထိရောက်ကာ နေလုံးကို နောက်ခံထားလျက် ရိုက်ကူးထားသည့် ဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။
ကင်ဂျုံအွန်၏ ဖခင်ဖြစ်သူ ကင်ဂျုံအီက ယခုတောင်ပေါ်တွင် မွေးဖွားခဲ့သည်ဟု နိုင်ငံကို အသိခံထားသော်
လည်း အမှန်တွင် ရုရှားနိုင်ငံတွင်သာ မွေးဖွားခဲ့သူဖြစ်သည်ဟု ပညာရှင်များက ပြောထားကြသည်။
ကင်ဂျုံအွန်သည် မီတာ ၂၇၅၀မြင့်သည့် တောင်ထိပ်သို့ တိုက်လေယာဉ်မှူးများနှင့် ပါတီတာဝန်ရှိသူ ရာပေါင်းများစွာ ခြံရံကာ တက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
"Paektu တောင်ထိပ်အပေါ် ရောက်အောင် တက်ခြင်းက နျူကလီးယားလက်နက်တွေထက်တောင် စိတ်

ဓာတ်ကြံ့ခိုင်ရေးအာဟာရကို ပေးစွမ်းတယ်” ဟု တပ်ဖွဲ့ဝင်များကို ခေါင်းဆောင် ကင်ဂျုံအွန်က ပြောကြား
ခဲ့ကြောင်း Rodong သတင်းစာက ကိုးကားဖော်ပြသည်။
ကင်ဂျုံအွန် တက်ရောက်ခဲ့သည့် တောင်ထွဋ်သည် မီးတောင်ထိပ်ဝဖြစ်ပြီး တရုတ်နယ်စပ်တွင် တည်ရှိ
ကင်ဂျုံအွန် တက်ရောက်ခဲ့သည့် တောင်ထွဋ်သည် မီးတောင်ထိပ်ဝဖြစ်ပြီး တရုတ်နယ်စပ်တွင် တည်ရှိ
သည့်တောင်ဖြစ်သည်။ကိုရီးယားရိုးရာ ပုံပြင်များအရ ယင်းအရပ်ဒေသကို ကြောက်မက်ဖွယ်ကောင်းရာ အရပ်အဖြစ် ထင်မြင်ထားကြသည်။
Mizzima
Mizzima

မှတ်ချက်များ