သင့်ချစ်သူ မိန်းကလေးက သင့်အပေါ် အဲ့လိုအပြုအမူလေးတွေနဲ့  ချစ်နေပေးတတ်တဲ့အခါ
သင့်ဆီက သ၀န်တိုနေတတ်တဲ့ အပြုအမူတွေကို နှစ်သက်လို့ 
သင့်ချစ်သူ မိန်းကလေးက တစ်ခါတရံ သင့်ရှေ့ မှာ
သင် သ၀န်တိုနိုင်မဲ့ စကားလုံးလေးတွေကို သုံးနှုန်း နေမိတတ်တာပါ
သင့်ဆီက အလေးအနက်ထားတတ်တဲ့ စိတ်ကို လိုအပ်နေမိလို့
သင့်ချစ်သူ မိန်းကလေးက သူ့ ထက်တစ်ခြားသူတစ်ယောက်ကို
သင်ပိုပီး အလေးအနက်ထားပေးမှာကို ကြောက်နေမိတတ်တာပါ
သင့်အပေါ် အရမ်းချစ်တယ်ဆိုတဲ့ခံစားချက်တွေကို ရှိနေလို့
သင့်ချစ်သူ မိန်းကလေးက သင့်အနားကသူတွေအပေါ်
သင်နဲ့ ပါတ်သက်ပီး သ၀န်တိုတတ်တဲ့စိတ်တွေ ပိုင်ဆိုင်နေရတာပါ
သင့်ကို တစ်ခြားသူတစ်ယောက် ပိုင်ဆိုင်သွားရင်ဆိုတဲ့ အတွေးတွေတွေးနေမိတတ်လို့ 
သင့်ချစ်သူ မိန်းကလေးက သင့်အပေါ် ချူပ်ချယ်မှုလေးတွေနဲ့ အတူ
သင့်ကို တားမြစ်နေတတ်တာပါ
သင့်ဆီက တစ်ဘ၀လုံးစာအတွက်ဆိုတဲ့ ပိုင်ဆိုင်ခွင့်တွေကို လိုအပ်လို့ 
သင့်ချစ်သူ မိန်းကလေးက သူ့ အတွက် သစ္စာရှိတဲ့ ချစ်ခြင်းတွေဖြစ်ဖို့ 
သင့်အပေါ် နားလည်မှုလေးတွေနဲ့  ခွင့်လွှတ်ပေးနိုင်အောင် ကြိုးစားနေတတ်ကြတာပါ
အဲ့ဒါကြောင့်....သင့်ချစ်သူ မိန်းကလေးက သင့်အပေါ် အဲ့လိုအပြုအမူလေးတွေနဲ့ 
ချစ်နေပေးတတ်တဲ့အခါ...စိတ်ညစ်တယ်ဆိုတဲ့အတွေးတွေအစား သင့်ကို အရမ်းချစ်လို့ 
ဆိုတဲ့ အတွေးတွေနဲ့  သူ့ အပေါ် တန်ဖိုးထားပေးလိုက်ပါနော်
Poem

မှတ်ချက်များ