ဟိန္ဒူနတ်ဘုရားအသွင် ခြေလက်ရှစ်ဖက်ပါတဲ့ကလေးငယ် အိန္ဒိယတွင်မွေးဖွား
အိန္ဒိယနိုင်ငံရဲ့ ဒန်မီအီရစ်လို့ခေါ်တဲ့ မြို့တော်ငယ်လေးတစ်ခုမှာ ခြေလက်ရှစ်ဖက် နဲ့ကလေးငယ်တစ်ဦး မွေးဖွားလာတာကြောင့် ထောင်ပေါင်းများစွာသော ဟိန္ဒူဘာသာ ဝင်တို့က ၄င်းတို့ရဲ့ ဘုရားသခင်မွေးဖွားလာတယ်ဆိုကာ ကလေးရှိရာသို့စုဝေးလာ ရောက်ကြပြီး အရိုအသေပေး ဆုတောင်းပွဲတွေကို ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။
အမည်တောင် မပေးရတဲ့ ယင်းကလေးငယ်က ခေါင်းတစ်လုံးတည်းပါတဲ့ ခန္ဓာကိုယ် နှစ်ခုမှာ ခြေ၊ လက် တစ်စုံစီနဲ့ စုစုပေါင်းရှစ်ချောင်းပါပြီး ဦးခေါင်းနဲ့မျက်နှာက နှစ်ကိုယ် စာပေါင်းထားသလို ကြီးထွားနေတာကြောင့် ယင်းပုံသဏ္ဍာန်က ဟိန္ဒူလူမျိုးတွေယုံ ကြည်ကိုးကွယ်တဲ့ ခြေလက်ရှစ်ဖက်နဲ့ နှာမောင်းတစ်ခုပါဝင်တဲ့ နတ်ဘုရားလို့ပြော ဆိုကြ တာပဲဖြစ်ပါတယ်။
အဲ့ဒီလို ပုံမှန်အခြေအနေမဟုတ်ပဲ မွေးဖွားလာခြင်းရဲ့လက်ရှိကျန်းမာရေးအခြေအနေ ကစောင့်ကြည့်ရမယ့်အနေအထားမှာရှိနေပြီး ကလေးငယ်နှစ်ယောက်မွေးဖွားလာရ မယ့်အနေအထားကနေ ဗီဇလွဲချော်သွားခဲ့တာဖြစ်တယ်လို့ ခန့်မှန်းထားကြပါတယ်။ အခုလို ထူးထူးခြားခြားပုံစံနဲ့ မွေးဖွားလာတဲ့ ကလေးကိုချီးမြှောက်စားကြတာက အိန္ဒိ ယမှ ပထမဆုံးအကြိမ် မဟုတ်တာဖြစ်ကာ ပြီးခဲ့တဲ့နှစ်ကလည်း ခြေလက်ခုနှစ်ချောင်းနဲ့ အမြှီးပါ ပါတဲ့ ၁၃ နှစ်သား ကလေးငယ်တစ်ယောက်လည်း ရှိခဲ့ကာ အခုလိုပဲမြှောက်စား ခြင်းခံခဲ့ရဖူးပါတယ်။

မှတ်ချက်များ