လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား
ကယားပြည်နယ် လွိုင်ကော်မြို့ လောဓမ္မရပ်ကွက် အိမ်အမှတ် လော(ခ)၁၂၄ ကျောက်တောင်လမ်း အုပ်စု (၁၁)ရှိ လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ နေအိမ်တွင် ဒေါ်တင် ညွန့်ဆိုသူမှာ လျှပ်စစ်ထမင်းပေါင်း အိုး တည်ထားခဲ့ရာမှ အပူလွန်ကဲ ပြီး ဧပြီ ၂၃ ရက်နံနက် ၁ဝ နာရီ ခွဲက မီးလောင်မှု စတင်ဖြစ်ပွားခဲ့ သည်။
အနီးဝန်းကျင်ရှိ ရေစုပ်စက် တစ်လုံးဖြင့် ကနဦးငြှိမ်းသတ်ဆောင် ရွက်ခဲ့ပြီး မီးသတ်ဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူး ဦးစောထွန်း ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် ၁၂ ဦး၊ အရန်တပ် ဖွဲ့ဝင် ၂ဝ၊ အုပ်ချုပ်မှုယာဉ်တစ်စီး၊ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ မီးသတ်ရေ ယာဉ် တစ်စီး၊ ရေဂါလန် ၅ဝဝဝခန့် အသုံးပြု၍ ငြှိမ်းသတ်ဆောင်ရွက် ခဲ့ရာ နံနက် ၁ဝ နာရီ မိနစ် ၄ဝ ခန့်တွင် လုံးဝငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ မီးလောင်မှုကြောင့် နေအိမ်အပေါ်ထပ် ကြမ်းခင်းနှင့် အိမ်တွင်းပစ္စည်းများ မီးလောင်ဆုံးရှုံး ခဲ့သည်။
မီးလောင်မှုနှင့် စပ်လျဉ်း၍ ဒေါ်တင်ညွန့်အား လွိုင်ကော်မြို့နယ် ရဲစခန်းက အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။
Myanmaalinn
.jpg)
မှတ်ချက်များ