သင်္ကြန်အကျနေ့တွင် ငပုတောမြို့နယ်၌ ယာဉ်တစ်စီး တိမ်းမှောက်၊ ၁ဝ ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရရှိ


သင်္ကြန်အကျနေ့တွင် ဧရာဝတီ တိုင်းဒေသကြီး ငပုတောမြို့နယ် ပုသိမ်-မော်တင် ကားလမ်း၌ ယာဉ်တစ်စီး လျှိုတွင်းထိုးကျ တိမ်းမှောက် ခဲ့ရာ ၁ဝ ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၁၄ ရက် နံနက် ၃ နာရီကျော်ခန့်တွင် ငပုတောမြို့နယ် တင်းချောင်းကျေးရွာမှ ဆူးပိတ်ကျေး ရွာသို့ ယာဉ်မောင်း တရုတ် ကလေးမောင်းနှင်သည့် တီအီးယာဉ်သည် ယာဉ်နောက် လိုက်တစ်ဦး၊ လမ်း ကြုံလိုက်ပါသူ ဒေသတွင်း သစ်ခုတ် ဝါးခုတ်အလုပ်သမား ၁၆ ဦးတို့နှင့်အတူ ထွက်ခွာလာစဉ် ပုသိမ်-မော် တင်ကားလမ်းရှိ မိုင်တိုင် အမှတ်(၄၃/ဝ)ဒေသအခေါ် မမလေး တောင်ခြေရင်းအရောက် အရှိန် မထိန်းနိုင် ဘဲ အနက် ၁ဝ ပေခန့် ရှိသည့် လမ်းဝဲဘက် လျှိုတွင်းသို့ ထိုးကျတိမ်းမှောက်သွားခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်နောက်လိုက် လှသိန်းဦးအပါအဝင် ၁ဝ ဦးမှာ နေရာတွင် ကားပိ၍ သေ ဆုံးခဲ့ပြီး ငပုတောမြို့နယ် တောင်သ ရက် ကျေးရွာနေ အမျိုးသားနှစ်ဦးမှာ ဒဏ်ရာများရရှိခဲ့သည်။

ယာဉ်ပေါ်လိုက်ပါလာသူများအနက် အခြားအမျိုးသား လေးဦးနှင့် အမျိုးသမီး တစ်ဦးတို့မှာ ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

ဒဏ်ရာရရှိသူများအား ငပုတောဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သေဆုံးသူများအား ကျုံကူးတိုက် နယ် ဆေးရုံသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

The Mirror Daily

မှတ်ချက်များ