ရခိုင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့ထံမှ ခဲယမ်းများနှင့် ဆေးဝါးများ သိမ်းဆည်းရမိ
ကျောက်တော်မြို့၏ မြောက်ဘက် ဇင်ချောင်းရွာအနီး တောစပ်၌ မသင်္ကာဖွယ်ရာ လူလေးဦးရောက်ရှိ နေကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးချက်အရ တပ်မတော် စစ်ကြောင်းက ဧပြီ ၂၄ ရက် နံနက် ၉ နာရီခန့်က သွားရောက်ရှင်းလင်း ရာ ၎င်းအဖွဲ့မှာ မြောက်ဘက်တော အတွင်းသို့ ထွက်ပြေးသွားခဲ့သဖြင့် ဆက်လက်ရှင်းလင်းရာ သစ်ကိုင်း များဖြင့် ဖုံးဝှက်ထားသည့် ပလတ် စတစ် လက်ပစ်ဗုံး ၁ဝ လုံး၊ သံကျွတ်ကိုယ်ထည် လက်ပစ်ဗုံး ၁၄ လုံး၊ ရှေ့ထွက်မိုင်း တစ်လုံး၊ ပလတ် စတစ်ဘူးအတွင်း ထည့်ထားသည့် အသုံးပြုရန်အသင့်မိုင်း ၃၆ လုံး၊ TNT 400 ဂရမ် ယမ်းတောင့် ၁၃၅ တောင့်၊ ဓာတ်ခဲအသေးအလုံး ၆ဝဝ နှင့် အမ်(၂၂)ကျည် ၂၇၈ တောင့် တို့အား သိမ်းဆည်းရမိခဲ့သည်။
အလားတူ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က ကျောက်တော်မြို့နယ် ပင်လုံကျေးရွာ၏ အနောက်ဘက် တစ်မိုင်ခန့်အကွာ၌ တပ်မတော် စစ်ကြောင်းက နယ်မြေရှင်းလင်းစဉ် မြေကြီးအတွင်း မြှုပ်နှံထားသည့် ချပ်ဝတ်တန်ဆာ ၁၇ စုံ၊ ဘေးလွယ် အိတ် ၁ဝ လုံး၊ ပြောက်ကျား ကျောပိုးအိတ် ၁ဝ လုံး၊ ဓာတ်ခဲအသေး နှစ်လုံးထည့် ဓာတ်မီးအလက် ၅ဝ၊ တီရှပ်မျိုးစုံ ၁၄ ထည်၊ ဒီဇယ် လေးဂါလန်ပုံး တစ်ပုံး၊ ဆေးဝါးမျိုးစုံ ၆၄ ကတ်၊ ဆေးထိုးအပ် ၄၇ ချောင်း၊ ထိုးဆေးအလုံး ၆ဝ ၊ ဂွမ်း/ ပတ်တီး တစ်လိပ်၊ ဓာတ်ဆားထုပ် ၃ဝဝ နှင့် ဆေးရည်ပုလင်းအလုံး ၃ဝ တို့အား ထပ်မံသိမ်းဆည်းရမိခဲ့ သည်။
ရခိုင်ပြည်နယ်အတွင်း လက်နက် ကိုင်အဖွဲ့များ စိမ့်ဝင်လှုပ်ရှားမှု မရှိစေရေး တပ်မတော်စစ်ကြောင်းများက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ နယ်မြေရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိသည်။
The Mirror Daily

.jpg)
မှတ်ချက်များ