လူတိုင်းလူတိုင်း အိမ် "ထောင်" ကျ ရတော့မယ်ဆိုလျှင်


သာယာသော အိမ် ၊
အေးချမ်းသာ အိမ် ၊
နားလည်မှုရှိသော အိမ် ၊
မေတ္တာတရား ခြုံလွှမ်းထားသော အိမ် တွင်သာ
ထိုထောင်ကို အကျခံလိုကြပါသည်။ 

မိန်းမဖြစ်စေ ၊ ယောကျာ်းဖြစ်စေ အိမ်ထောင်ပြုလိုက်ပြီ ဆိုတာနဲ့ သူ၊သူမတို့ရဲ့ ဘ၀ကို တစ်သက်လုံး ကိုယ့်ရဲ့အိမ်ထောင်ဖက် တစ်ဦးတစ်ယောက်နှင့်သာ လျှောက်လှမ်းဖြတ်သန်းရတော့မည်

ဖြစ်တဲ့အတွက် အချင်းချင်း နားလည်မှု ၊ ချစ်ခြင်းမေတ္တာ ၊ သစ္စာရှိရုံတင်မက ကိုယ်ချင်းစာတရားလေးတွေ လက်ကိုင်ထားပြီး ငါသာသူ့နေရာမှာဆိုလျှင် ဆိုတဲ့စိတ်ကလေးတွေနဲ့ အမြဲအသိတရားဝင်ပြီး မဖေါက်မပြား ယောကျာ်းကောင်း ၊ မိန်းမကောင်းပီသဖို့ မမေ့လိုက်ပါနဲ့။ 

အိမ်ထောင်ရေးတစ်ခုဟာလည်း အကျဉ်းထောင်တစ်ခု မဖြစ်ပါစေနဲ့။
မပြုချင်ရင်လည်း အစောကတည်းက မပြုပဲနေပါ။ 

ပြုပြီဆိုလည်း သူတစ်ပါး သား၊သမီးနဲ့ ကိုယ့်ရဲ့သားသမီးကို မျက်ရည်ပေါက်ကြီးငယ်နှင့် စိတ်ဆင်းရဲအောင် မလုပ်မိကြပါစေနဲ့။

ချစ်တဲ့...မနုဿ

မှတ်ချက်များ