မေလလယ်တွင် ဒုတိယအကြိမ် ခြောက်ပွင့်ဆိုင် တွေ့ဆုံဖွယ်ရှိ


ဒုတိယအကြိမ်ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲကို လာမည့် မေလ ၁၁ နှင့် ၁၇ ရက်ကြားတွင် ပြုလုပ်ဖွယ်ရှိ
ကြောင်း ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲသို့ တိုင်းရင်းသားကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သူ အမျိုးသား
လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြော သည်။

ခြောက်ပွင့်ဆိုင်တွေ့ဆုံရန် ပြည်ထောင်စုလွှတ်တော်က ပြီးခဲ့သည့် ဇန်န၀ါရီအတွင်း အတည်ပြုခဲ့ပြီး လေးလကျော်အ ကြာ ဧပြီ ၁၀ ရက်က ပထမအ ကြိမ် တွေ့ဆုံခဲ့သည်။ အချိန် နှစ် နာရီကျော်ကြာမြင့်ခဲ့သည့် ပထမ အကြိမ်တွေ့ဆုံမှုတွင် တိကျရေ ရာသည့် ဆုံးဖြတ်ချက်တစ်စုံတစ် ရာမထွက်ခဲ့ဘဲ နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံရန်ပင် ရက်အတိ အကျသတ်မှတ်နိုင်ခြင်းမရှိခဲ့ပေ။

‘‘မေလ ပထမပတ်ထဲမှာ တွေ့ဖို့ မှန်းထားပါတယ်။ ကျွန် တော်တို့ဘက်က ဧပြီ ၂၂ ရက်က နေ မေလ ၁၁ ရက်ကြားမှာ တွေ့ ချင်ပေမယ့် သမ္မတကြီးတို့ဘက် က အချိန်မပေးနိုင်ပါဘူး’’ ဟု ဒေါက်တာ အေးမောင်ကပြော ကြားသည်။ပထမအကြိမ်ခြောက်ပွင့် ဆိုင်တွေ့ဆုံမှုအပြီးတွင် နောက် တစ်ကြိမ်တွေ့ဆုံရန် သ
င်္ကြန်အ ပြီး လွှတ်တော်အစည်းအဝေး များပြန်စချိန်အားလုံး (ခြောက်ပွင့် လုံး)အဆင်ပြေချိန်ပြန်တွေ့ရန် သဘောတူညီခဲ့ကြကြောင်း ပထ မအကြိမ် တွေ့ဆုံမှုအပြီးတွင် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြော
သည်။

ပထမအကြိမ် ခြောက်ပွင့် ဆိုင်တွေ့ဆုံရာတွင် အခြေခံဥပ ဒေပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ လွတ် လပ်ပြီးတရားမျှ တသော ရွေးကောက်ပွဲ ဖြစ် မြောက်ရေး၊ရွေးကောက်ပွဲ အ လွန်ကာလတည်ငြိမ်ရေးစသည့် ဆွေးနွေးပွဲအခြေခံမူဘောင်များ ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ ဆွေးနွေးသည့် ပုံစံ အခင်းအကျင်းကို ဆွေးနွေးခြင်း ဖြစ်ပြီး နောက်ဆုံး နံပါတ်သုံး အချက်မှာ နောက်တစ်ကြိမ် ခြောက်ပွင့်ပြန်လည်တွေ့ဆုံမည့် အချိန်ကာလ သတ်မှတ်ရန်တို့ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

7Day

မှတ်ချက်များ