ရှန်ဟိုင်း ကားအရောင်းပြခန်းမှာ ဆန္ဓပြနေတဲ့ အလုပ်လက်မဲ့ မော်ဒယ်လ်များ









ယခုနှစ် ရှန်ဟိုင်း ကားအရောင်းပြခန်းမှာ မော်ဒယ်လ်များ တားမြစ်ပိတ်ပင်ခံရတာကြောင့် အလုပ်လက်မဲ့ အလှမယ်လေးတွေ ယခုလို ဆန္ဒထုတ်ဖော်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

Xujiahui Station က Metro City အပြင်ဘက်ခြမ်းမှာ အဝတ်အစားကို စုတ်စုတ်ပြတ်ပြတ် ဝတ်ဆင်ထားပြီး သူတောင်းစားလို ဟန်လုပ်ကာ “We want to survive!” စာသားပါ လက်ကိုင်ပိုစတ်ာတွေ ကိုင်ဆောင်ခဲ့ကြပြီး ခန္ဓာကိုယ် သွယ်လျအောင် ကြိုးစားလုပ်ဆောင်ခဲ့ရသမျှ အချည်းနှီးဖြစ်ခဲ့ကြောင်း အလုပ်လက်မဲ့ မော်ဒယ်လ်များ ဝမ်းနည်းဖွယ်ရာ ပြောဆို ညည်းညူခဲ့ကြပါတယ်။

တခြားသူတွေအနေနဲ့ အဝတ်အစား မလုံမလဲနဲ့ ကောင်မလေးတွေအစား ကားတွေသာလျှင် ပြပွဲရဲ့အဓိက အာရုံစိုက်ရာဖြစ်သင့်လို့ ဒီလိုတားမြစ်လိုက်ခြင်းကို သဘောတူထောက်ခံကြောင်း ပြောဆိုနေစဉ်မှာ ၄င်းမော်ဒယ်လ် ကို ထောက်ခံအားပေးတဲ့ အင်တာနက်သုံးစွဲသူတွေကတော့ သူတို့တွေဟာ အမှန်တကယ် ဆွဲဆောင်မှုရှိကြသူတွေ ဖြစ်တာကြောင့် အလုပ် ပေးလုပ်သင့်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။

Victor - Trend Myanmar

မှတ်ချက်များ