ယီမင်နိုင်ငံမြို့တော် ဆာနားရှိ ဒုံပျံစခန်းကို လေကြောင်းမှတိုက်ခတ်


ဟူသီသူပုန်များက သိမ်းပိုက် ထားသည့် ယီမင်မြို့တော် ဆာနား တွင်ရှိသော စကတ်ဒ်ဒုံးပျံစခန်း တစ်ခုကို ယမန်နေ့က လေကြောင်း မှ တိုက်ခိုက်မှုကြောင့် ပေါက်ကွဲမှု တစ်ရပ် အကြီးအကျယ် ဖြစ်ပေါ်ခဲ့ပြီး လူ ၂၅ ဦးသေဆုံးကာ ၃ဝဝ နီးပါး ဒဏ်ရာရသွားကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီဆာဘားက သတင်း ထုတ်ပြန်သည်။

အီရန်နှင့် မဟာမိတ်ဖွဲ့ထား သည့် ရှီးယိုက်ဟူသီသူပုန်အုပ်စု နှင့် သမ္မတဟောင်း အလီအဗ္ဗဒူလာ ဆာလေကို သစ္စာခံသည့် တပ်ဖွဲ့ များကို ဆော်ဒီအာရေဗျ ဦးဆောင် သည့် ဆွန်နီအာရပ်နိုင်ငံများ မဟာမိတ်အဖွဲ့က လေကြောင်း စစ်ဆင်မှု ပြုလုပ်နေခြင်းဖြစ် သည်။

အရပ်သား ၂၅ ဦးသေဆုံးပြီး ၃၉၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ ရာ အမျိုးသမီးများနှင့် ကလေးများ အများစုပါဝင်သည်ဟု ပဏာမ စာရင်းများအရ သိရကြောင်း ဟူသီ တို့ ထိန်းချုပ်ဆောင်ရွက်နေသည့် သတင်းအေဂျင်စီက ပြောကြား သည်။

တိုက်ခိုက်မှုများကြောင့် သမ္မတ အိမ်တော်နှင့် သံရုံးအများအပြား တည်ရှိရာ ဖက်ဂ်ျအက်တန် တောင် 
နံဘေးရှိ ဟက်ဒါရပ်ကွက်တွင်ရှိ သော ဒုံးပျံအခြေစိုက်စခန်းကို ထိမှန် ရာမှဖြစ်ပေါ်ခဲ့ပြီး ကီလိုမီတာ များစွာ
ပတ်လည်ရှိ လူနေအိမ်များ ၏ပြတင်းပေါက်များပျက်စီးကာ မှိုပွင့် သဏ္ဌာန်မီးခိုးလုံးကြီးတစ်ခု ကောင်း ကင်သို့ထိုးတက်သွားသည်ကို တွေ့ မြင်ကြရသည်။

Myanmaalinn

မှတ်ချက်များ