ကင်ဆာ ရောဂါ သည် အလွန် ကြောက်စရာ ကောင်းသော ရောဂါ တစ်မျိုးဟု လူတိုင်း သိကြ သည်။
ဗဟုသုတ အနေဖြင့် ရင်သား ကင်ဆာ ဖြစ်ပွား စေနိုင်သည့် အရာများ ကို တင်ပြ လိုပါသည်။
ချိုင်းချွေးနံ့ ပျောက်ဆေး တွင် ပါဝင်သော Toxins သည် ခန္ဓာ ကိုယ် အတွင်း ဝင်ရောက် ပြီး ကင်ဆာ
ဖြစ်စေ နိုင်သည်။
၎င်း Toxins သည် ချိုင်းမွေး ရိတ်ရာတွင် အရေပြား ပေါက်ပြဲကာ တစ်ဆင့် သွေးထဲသို့ လျင်မြန်စွာ
ဝင်ရောက်နိုင်သည်ဟု ၂ဝ၁၁ ခုနှစ်ထုတ် Europern Journal of Cancer Prevention တွင် ချိုင်း
ချွေးနံ့ ပျောက်ဆေး အသုံးအဆောင် ပစ္စည်းများ မှာ ကင်ဆာ ၏ အရင်း အမြစ် ဖြစ်ကြောင်း ပြော
ထားသည် ကို တွေ့ရသည်။
ရင်သား တစ်သျှူး အများစု သည် ရင်ဘတ် အပေါ်ပိုင်း တွင် ပိုမို ရှိသကဲ့သို့ ယင်း ချိုင်းချွေးနံ့ ပျောက်
ဆေး အသုံးပြု သည့် နေရာမှာ လည်း ရင်သားအပေါ် အပြင်ဘက် အပိုင်းတွင် ဖြစ်သော ကြောင့်
အမေရိကန် ကင်ဆာ အဖွဲ့ ( Ame-rican Cancer Society ) က ရင်သား အပေါ် အပြင်ဘက် အ
ပိုင်း တွင် ဖြစ်ပွားသော ရင်သား ကင်ဆာ၏ အချိုးအစား နှင့် တူ ညီ ကြောင်း ပြောကြား ခဲ့သည်။
အမေရိကန် နိုင်ငံ တွင် ၂ဝ၁၂ ခုနှစ်၌ ရင်သား ကင်ဆာ ဖြစ်ပွားသူ အမျိုးသမီးများ နှင့် ကင်ဆာ မ
ဖြစ်ပွား သော အမျိုးသမီးဦးရေ ၁၆ဝဝ ကို နှိုင်းယှဉ်ကြည့်ပါက ချိုင်းမွေးရိတ်ခြင်းနှင့် ချွေးနံ့ ပျောက်
ဆေး သုံးသူတို့သည် ရင်သား ကင်ဆာနှင့် ဆက်စပ်မှုမ ရှိကြောင်း တွေ့ရှိ ရသော် လည်း ၂ဝ၁၃
ခုနှစ် တွင် တွေ့ရှိချက် များ အရ ရင်သား ကင်ဆာ ဖြစ်ပွားနေသော အမျိုးသမီးငယ် များ သည် ချိုင်း
မွေး မကြာခဏ ရိတ်ခြင်း နှင့် အတူ ချိုင်းနံ့ ပျောက်ဆေး များကို ငယ်စဉ် ကတည်းက စတင်အသုံး
ပြု သူများ ဖြစ်ပါက ရင်သား ကင်ဆာနှင့် ဆက်စပ် နေကြောင်း ကောက်ချက် ချခဲ့ ကြသည်။
ရင်သား ကင်ဆာ သည် အမျိုးသမီး များ အတွက် အကြီးမား ဆုံး ပြသနာ ဖြစ်ပြီး ရင်သား ကင်ဆာ
မဖြစ်ပွား အောင် ကာကွယ် တားဆီး နိုင်သော အရာများ လည်း ရှိသည်။ သို့သော် အနံ့အသက်
ပျောက်ဆေးမသုံးစွဲခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်ပေါ်ခြင်းကို တားဆီး ပေးနိုင်မည် မဟုတ်ကြောင်း
ကိုလည်း အသိ ပေးအပ် ပါသည်။
မြန်မာသူငယ်ချင်းများအဖွဲ့

မှတ်ချက်များ