ချောင်းသာကမ်းခြေတစ်လျှောက်သန့်ရှင်းရေးအတွက် လူအင်အား ၂၅ဝခန့် စုပေါင်းအမှိုက်ကောက်
ခရီးသွားပြည်သူ အများဆုံး လာရောက်လည်ပတ်သည့် ချောင်းသာကမ်းခြေတစ်လျှောက်၌ ပတ်ဝန်းကျင် သန့်ရှင်းမှုရှိစေရန် အမှိုက်ကောက်သည့် အစီအစဉ် တစ်ခုအား လူအင်အား ၂၅ဝခန့်ဖြင့် ဧပြီ ၂၂ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအစီအစဉ်ကို ချောင်း သာကမ်းခြေ၊ ရွာမကျောင်းဆရာ တော်မှဦးဆောင်၍ ချောင်းသာကမ်း ခြေချစ်သူများအသင်း၊ ဟိုတယ်လုပ် ငန်းရှင်များအသင်း၊ ဒေသခံပြည်သူ လူထု၊ ဒေသတွင်းအာဏာပိုင်များမှ ပူးပေါင်းပါဝင်လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
''ချောင်းသာကမ်းခြေမှာသင်္ကြန် အတွင်း ကျန်ခဲ့တဲ့အမှိုက်တွေကို စုပေါင်းဝိုင်းဝန်းပြီးတော့ အမှိုက်သိမ်း တဲ့ အစီအစဉ်ကိုလုပ်ဖြစ်တာပါ။ အ ကြိမ်အားဖြင့်တော့ မှတ်ထားတာ မရှိဘူး။ ပြီးတော့ကမ္ဘာမြေနေ့ အထိမ်းအမှတ်အဖြစ်ရယ်လို့လဲ မ ဟုတ်ပါဘူး။ အဓိကသင်္ကြန်အတွင်း ကကျန်ခဲ့တဲ့ အမှိုက်တွေကိုသိမ်းကြ တာပါ''ဟု ချောင်းသာကမ်းခြေသာ ယာလှ ပရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် ပူးပေါင်းပါဝင်သည့်ဒေသခံ တစ်ဦးဖြစ်သူ ဦးအောင်လွင်ကပြော သည်။
ချောင်းသာကမ်းခြေတစ်လျှောက် တစ်မိုင်ခန့်အကွာအဝေးတွင် အ မှိုက်ကောက်ခြင်းကို နံနက် ၆ နာရီ မှ ၁၁ နာရီထိ ကျင်းပပြုလုပ်ခဲ့ပြီး၊ ချောင်းသာကမ်းခြေတွင် အမှိုက် ကောက်သည့် လုပ်ငန်းများအား ဒေ သတွင်း အင်န်ဂျီအိုအဖွဲ့အစည်းများ မှ စီမံချက်များဖြင့် ဆောင်ရွက်ကြ ကြောင်း၊ အဓိကအားဖြင့် အပန်း ဖြေခရီးသွားများ အများဆုံး လာ ရောက်သည့် ရာသီများဖြစ်သော အောက်တိုဘာလနှင့် မေလအတွင်း အဓိကလုပ်ဆောင်ကြကြောင်း သိရ သည်။
''အမှိုက်ကောက်တာကိုတော့ စီမံချက်တွေနဲ့ လုပ်နေကြတယ်။တနင်္ဂနွေ၊ ဗုဒ္ဓဟူးနေ့တွေမှာ လုပ်ကြ တယ်။ အခုဟာကတော့ ရက်မရွေး ဖြစ်တော့ပဲ ကျန်ရစ်တဲ့အမှိုက်တွေ ကိုသိမ်းကြတာပါ''ဟု ယင်းကထပ်မံ ပြောသည်။
ချောင်းသာကမ်းခြေသည် ဧရာ ဝတီတိုင်းဒေသကြီးတွင် တည်ရှိပြီး ခရီးသွားပြည်သူအများဆုံး လာရောက် သည့် ကမ်းခြေတစ်ခုဖြစ်ကြောင်း သိရသည်။
MMA - ဒီမိုကရေစီတူဒေး

မှတ်ချက်များ