Note ဖုန်းကောင်းကောင်းကို ဈေးသက်သက်သာကိုင်ရဖို့ ထွက်လာတဲ့ LG G Stylo
တောင်ကိုရီးယား LG ကနေ နေပြီးတော့ LG G Stylo လို့ အမည်ရတဲ့ ၅.၇ လက်မ အရွယ် Phablet ကို ဖြန့်ချိ ရောင်းချတော့မှာ ဖြစ်ပါတယ်။ Qualcomm Snapdragon 410 quad-core chipset ကို အသုံးပြုထားပြီး RAM ကတော့ 1.5 GB ရှိပါတယ်။ 8GB Internal Storage ပါဝင်ပြီး ကဒ် ထပ်ထည့်လို့ရ ပါတယ်။
မျက်နှာပြင်အရည်အသွေးက 1280 x 720 pixel resolution (258ppi) IPS In-Cell Touch display ဖြစ်တာကြောင့် အနေတော်ပါပဲ။ Dimension ကတော့ 54.3 x 79.2 x 9.6mm ရှိပါတယ်။ ဘက်ထရီကိုတော့ 3000mAh ထည့်သွင်းထား ပါတယ်။ 8 Megapixel ကင်မရာ ပါဝင်ပြီး အရှေ့မှာကျ 5 Megapixel ပါဝင် ပါတယ်။
Android 5.0 Lillipop ကို အသုံးပြုထားပြီး Upgrade ပြုလုပ်လို့ ရမှာ ဖြစပါတယ်။ LG ရဲ့ UX Layer လည်း ပါဝင် ပါတယ်။ ဈေးနှုန်းကိုတော့ မကြေညာရသေး ပါဘူး။ ဒါပေမယ့် ၂ သိန်းနဲ့ ၃ သိန်းဝန်းကျင်လောက်ပဲ ရှိမယ်လို့ ခန့်မှန်းထားကြ ပါတယ်။
innewsmyanmar

မှတ်ချက်များ