စိတ်ဖိစီးမှု အများဆုံး အလုပ်အကိုင်များ


စိတ်ဖိစီးမှုအများဆုံး အလုပ်တွေကို ဝင်ငွေအမြင့်ဆုံး အလုပ်တွေလို့ ယူဆကောင်း ယူဆမိပါလိမ့်မယ်။

ကမ္ဘာမှာ စိတ်ဖိစီးမှုအများဆုံး အလုပ်အကိုင်တွေက ရဲစွမ်းသတ္တိနဲ့ လုပ်ရတဲ့အလုပ်တွေပါ။ သူတစ်ပါး အသက်ကို ကယ်ပြီး အများအတွက် မိမိအသက်တောင် စတေးရတဲ့ အလုပ်ဖြစ်ပါတယ်။

Forbes မဂ္ဂဇင်းအနေနဲ့ မီးသတ်သမားတွေကို နံပါတ် (၁) စိတ်ဖိစီးမှုအများဆုံး အလုပ်အကိုင်အဖြစ် စာရင်းသွင်း သတ်မှတ်ထားသလို သတင်းထောက်အလုပ်ကိုတော့ နောက်ဆုံး နံပါတ် ၁၀ ဆုံးစာရင်း ဝင်စေခဲ့ပါတယ်။ သို့သော် CareerCast ကလည်း မီးသတ်သမားတွေကို နံပါတ် ၁ နေရာထားပြီး ပွဲစီစဉ်သူ event coordinator ကို နံပါတ် ၈ နေရာမှာ ထားခဲ့ပါတယ်။

စစ်တမ်းကောက်ယူ၊ နှိုင်းယှဉ်ကြည့်၊ ခြားနားချက်တွေ ယှဉ်ကြည့်ပြီးနောက် စိတ်ဖိစီးမှုအများဆုံး အလုပ်အကိုင်များစာရင်းကို စုစည်းခဲ့တာပါ။ ကျောင်းဆရာမှအစ မီးသတ်သမား လေယာဉ်မှူးအဆုံး ဒီပုဂ္ဂိုလ်တွေဟာ စိတ်ဖိစီးမှု အများဆုံး သူတွေဖြစ်ပါတယ်။

၁။ မီးသတ်သမား

၂။ ရဲအရာရှိ

၃။ စစ်ဗိုလ်

၎။ အရေးပေါ်ယာဉ်ထွက်ချိန်ကြီးကြပ်ရေးမှူး

၅။ စစ်မှုထမ်းများ

၆။ ဆရာဝန်

၇။ ကျောင်းဆရာ

၈။ ကုန်ပို့လေကြောင်းလိုင်းလေယာဉ်မှူး

၉။ သတင်းထောက်

၁၀။ ပွဲစီစဉ်ဆောင်ရွက်သူ

Victor - Trend Myanmar

မှတ်ချက်များ