မကွေးတိုင်း ဒေသကြီး မကွေးခရိုင် တောင်တွင်းကြီး မြို့နယ်တွင် မကြာခဏ ဖြစ်ပွားခဲ့သော ဖောက်ထွင်းမှု၊ လုယက်မှု၊ ခိုးမှု၊ မင်းမဲ့ စရိုက်ဆန်ဆန် ရမ်းကား ငွေတောင်းမှုများ မကြာခဏ ဖြစ်ပွားခဲ့သော်လည်း
တောင်တွင်းကြီး ရဲတပ်ဖွဲ့မှ ဖော်ထုတ်နိုင်ခြင်း မရှိသဖြင့် ပြည်သူများ အိပ်ကောင်းခြင်း မအိပ်ရ၊ ညကင်းစောင့်နေရပါသဖြင့် ဒုစရိုက်မှုများကို အမြန်ဆုံး ဖော်ထုတ်ပေးရန် ပြည်သူ့ဘ၀လုံခြုံ ရေးအတွက် ပြည်သူများ၏ ကိုယ်စား ဟစ်တိုင်သတင်းထောက် ဦးစိုးမင်း(ခ)စော်ဘွားကြီးက တရားဝင်ခွင့် ပြုမိန့်ဖြင့် ၂၀၁၅ ခုနှစ်၊ မေလ ၁၅ ရက်နေ့ နံနက် ၉း၀၀ မှ နံနက် ၁၀း၀၀ အထိ တောင်တွင်းကြီးမြို့ ဗိုလ်ချုပ်ပန်းခြံ တောင်ဘက်မှ တောင်တွင်း-မကွေး လမ်း၊ ၄င်းမှ မြို့မဈေးကြီး အနောက်ဘက်လမ်း၊ ၄င်းမှ မြို့မဈေးကြီး မြောက်ဘက်လမ်း၊ ၄င်းမှ မြို့သစ်-တောင်တွင်း ကားလမ်း၊ ၄င်းမှ ဗိုလ်ချုပ်ပန်းခြံ တောင်ဘက်ဝန်းအထိ တစ်ကိုယ်တော်လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ရာတွင် ပြည်သူ့ဘ၀လုံခြုံရေး ဒို့အရေး၊ ဒုစရိုက်မှုများ အမြန်ဆုံး ဖော်ထုတ်ပေးရေး
ဒို့အရေး၊ စသည့် ရေးသားထားသော ဗီနိုင်းပိုစတာများ ချိတ်ဆွဲ၍ စသည့်ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လမ်းလျှောက်ဆန္ဒဖော်ထုတ်ရာတွင် ဒုစရိုက်သမားတွေကို တောင်တွင်းကြီးမြို့နယ် ရဲတပ်ဖွဲ့အနေဖြင့် မဖော်ထုတ်နိုင်သဖြင့် မကွေးတိုင်းဒေသကြီး၊ တိုင်းဒုစရိုက်နှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေး ဖော်ထုတ်ရေး ရဲတပ်ဖွဲ့ (CID) အဖွဲ့ကြီးတို့မှ အမြန်ဆုံး လာရောက်ဖော်ထုတ်ပေးရန် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်သူ ဦးစိုးမင်း(ခ)စော်ဘွားကြီးက ဆန္ဒထုတ်ဖော်ရာတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါ တောင်းဆိုမှုသည် ၄င်းအနေဖြင့် အောင်မြင်မည်ဟုယုံကြည်ကြောင်း၊ အကယ်၍ အောင်မြင်မှု မရှိပါကလည်း အောင်မြင်သည်အထိ ထပ်မံဆန္ဒဖော်ထုတ် တောင်းဆိုသွားမည်ဖြစ်ကြောင်း၊ ၄င်းက ဆက်လက် ပြောကြားသည်။
ယခုရက်ပိုင်းအတွင်း တောင်တွင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှ ခိုးမှုများ ဖော်ထုတ်ဖမ်းဆီးရမိကြောင်းနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်သူ ဦးစိုးမင်း(ခ)စော်ဘွားကြီးအား သတင်းမီဒီယာများမှ မေးမြန်းရာ ၄င်းမှ
ဖော်ထုတ်ဖမ်းဆီးရမိမှုများသည် ခေတ်စကားဖြင့် ပြောပါက ကိုင်းဖျားကိုင်းနား အဆင့်သာရှိကြောင်း၊ အခြားမြို့များမှ ပစ္စည်းများသာ အဓိကဖမ်းဆီးရမိပြီး တောင်တွင်းကြီးမြို့နယ်တွင် ဖြစ်ပွားခဲ့သော
သိန်းနဲ့ချီ အမှုကြီးများ တစ်မှုမှ ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း၊ အထက်ပါ ဆန္ဒထုတ်ဖော်သူ ဦးစိုးမင်း(ခ)စော်ဘွားကြီးက ဆန္ဒထုတ်ဖော်ရာတွင် သတင်းမီဒီယာသို့ပြောကြားသည်။
၎င်းဦးစိုးမင်း(ခ) စော်ဘွားကြီးသည် ၂၀၁၅ ခုနှစ်အတွင်း မကြာသေးခင် လများကလည်း တောင်တွင်းကြီးမြို့ပေါ်တွင် တရားမ၀င် လောင်းကစား ဒိုင်ကြီးများ၊ တရားမ၀င် သစ်မှောင်ခိုများဖမ်းဆီးပေးရန်
ပြည်သူ့ကိုယ်စား တိုင်ကြားခဲ့သည်ဖြစ်ပြီး ပြည်သူ့အတွက် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်မှာ ယခုတစ်ကြိမ်အပါအ၀င် လေးကြိမ်မြောက် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့သူဖြစ် ကြောင်း သိရှိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဖောက်ထွင်းမှု၊ လုယက်မှု၊ မင်းမဲ့စရိုက်ဆန်ဆန် ရမ်းကား ငွေတောင်းမှုများကတော့ တောင်တွင်းကြီးမြို့ကျက်သရေဆောင် မင်္ဂလာကန်တော်ကြီးဘောင်ပေါ်တွင် နံနက်
(၇)နာ၇ီခန့် လမ်းလျှောက်အမျိုးသမီး မသန်းနု ထံမှ ရွှေဆွဲကြိုး ဓားထောက်အလုခံရခြင်း၊
ညောင်ပင်လှကျေးရွာနေ ကိုလင်းနေအိမ်မှ ရွှေငွေသိန်း(၁၀၀)နီးပါးခန့် ဖောက်ထွင်းအခိုးခံရခြင်း၊ ရွှေကြာအင်း(၂)ရပ်ကွက် မြသိန်းတန် ဆန်စက်၊ ဆီစက် မှ ရွှေငွေ သိန်း(၃၀)ကျော် အခိုးခံရခြင်း၊
ရွှေကြာအင်း(၂)ရပ်ကွက် သမ္မာအာဇီဝစတိုးဆိုင်မှ သိန်း(၂၀)ဖိုးခန့် ပစ္စည်းများ ဖောက်ထွင်းခံရခြင်း၊ မိုးထိကျောင်း တောင်ဘက်ဒေါ်သန်းသန်းနွယ်အိမ်မှ ရွှေထည် ၁၆ မျိုး၊ သိန်း (၇၀)ဖိုးခန့် ဖောက်ထွင်း အခိုးခံရခြင်း၊
ရွှေပြည်စံရာ အဆင့်မြင့် ဧည့်ရိပ်သာ တည်းခိုသူထံမှ (၄၇)သိန်းခန့် ဖောက်ထွင်းအခိုးခံရခြင်း၊ ဇီးတောကျေးရွာနယ် မျိုးမင်းထက်၏ ဆိုင်ကယ်ကို ရဲအယောင်ဆောင် ၃ ဦးက မင်းမဲ့စရိုက်ဆန်ဆန် ထိုးကြိတ်လုယက်သွားမှုဖြစ်ပွားခြင်း၊
ရခိုင်ဘုရားကြီး ဇာတ်ရုံဟောင်းအနီး အနောက်ဘက်လမ်းပေါ်တွင် လူ ၃ ဦးမှ ၁၀ ဦးထိ စုလာပြီး ကိုထွန်းထွန်းဦးနှင့် ဇနီးအား ငွေတောင်းတာမပေးလို့ ထိုးကြိတ်ခဲ့ခြင်း၊ အောင်သုခလမ်းနှင့် နွားပွဲဈေးဟောင်းလမ်းထောင့် A2K အထည်ချုပ်လုပ်ငန်း နေအိမ်မှ ပစ္စည်းနှင့်ငွေ သိန်း(၂၀)ဖိုးခန့် အခိုးခံ ရခြင်း၊
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်နေအိမ်မှ ဖုန်းနှင့်ငွေသား ၂ ကြိမ်အခိုးခံရခြင်း၊ အောင်မြင်ဇေယျ ရခိုင်ဘုရားကြီး အလှူခံပုံး အဖောက်ခံရခြင်း၊
မြို့မဈေးတောင်ဘက်တွင် ထွန်းထွန်းနိုင်၏ ဆိုင်ကယ် အခိုးခံရခြင်း စသည့်ဖောက် ထွင်းမှုများ လုယက်မှုများ၊ ခိုးမှုများ၊ မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ရမ်းကား ငွေတောင်းမှုများ တောင်တွင်းကြီးမြို့နယ်တွင် ဖြစ်ပွားခဲ့ပြီး မပေါ်ပေါက်သေးသောကြောင့် ယခုလို ပြည်သူများ၏ ကိုယ်စား တစ်ကိုယ်တော်ဆန္ဒဖော်ထုတ် တောင်းဆိုရခြင်း ဖြစ်ကြောင်း ဦးစိုးမင်း(ခ)စော်ဘွားကြီးကပြောသည်။
ဟင်္သာ(တောင်တွင်းကြီး)၊ အကြီးတန်းသတင်းထောက်၊ တောင်တွင်းကြီးမြို့။
THIT HTOO LWIN
ဟင်္သာ(တောင်တွင်းကြီး)၊ အကြီးတန်းသတင်းထောက်၊ တောင်တွင်းကြီးမြို့။
THIT HTOO LWIN
မှတ်ချက်များ