ဆေးခြောက်သုံးတာ ဆယ်ကျော်သက်တွေမှာ စိတ်ဝေဒနာ လုံးဝမဖြစ်စေပါ


မူးယစ်ဆေးဝါး တားမြစ်တိုက်ဖျက်ရေး သမားတွေအတွက် သတင်းဆိုးလေးပါ။ လေ့လာမှု အသစ်တစ်ခုက ဆေးခြောက်ရှူတာ ဆယ်ကျော်သက်တွေမှာ စိတ်ဝေဒနာဖြစ်စေနိုင်တယ်ဆိုတဲ့ အမြင်ပေါ် သံသယဖြစ်မှုကို ဖယ်ရှားပစ်ခဲ့ပါတယ်။

University of Oxford, University of Leeds မှ လေ့လာမှုအသစ်က မျိုးရိုးဗီဇအခြေခံ အကြောင်းတွေကို ဖော်ပြဖို့ ၁၆ နှစ်အရွယ် အမြွှာ ၄၈၃၀ ယောက်ကို အသုံးပြုခဲ့ပြီး ဆေးခြောက်သုံးခြင်းနဲ့ ပြင်းထန်တဲ့ စိတ်ဝေဒနာဖြစ်ပွားမှုနှစ်ခုလုံးဟာ ဆင်းရဲမှု သို့မဟုတ် အနိုင်ခံကျင့်ခံရမှု အပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းတွေကြောင့်သာ အစပျိုးဖြစ်ပေါ်ခဲ့တာ ဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။

တစ်နည်းအားဖြင့်ပြောရရင် ၄င်းအခြေအနေတွေ ဖြစ်ပေါ်စေတာ ဆေးခြောက် မဟုတ်ပါဘူး။ အခြားအကြောင်းရင်းတွေကြောင့် စိတ်ဖိစီးမှုခံရတဲ့ ကလေးတွေဟာ မေ့ဆေး၊ အိတ်ဆေးတွေ သောက်လေ့ရှိပြီး စိတ်ဝေဒနာဖြစ်ပွားတဲ့ အန္တရာယ်လည်း ပိုများပါတယ်။

ပတ်ဝန်းကျင် အခြေအနေ အရပ်ရပ်တွေကြောင့် ဆေးခြောက် အသုံးပြုခြင်းနဲ့ စိတ်ဝေဒနာ ခံစားရမှု တစ်ပြိုက်နက်ဖြစ်လာပါတယ်။ လူငယ်တွေကြား ဆေးခြောက်အသုံးပြုခြင်းနဲ့ စိတ်ဝေဒနာက ဘာကြောင့် ဒွန်တွဲလာလေ့ရှိလဲဆိုတာ ပတ်ဝန်းကျင်အခြေနေတွေကို အနုစိတ်လေ့လာ စူးစိုက်ခြင်းက ဖော်ထုတ်ပေးနိုင်ပါလိမ့်မယ်လို့ သုတေသီတွေက ရေးသားဖော်ပြထားပါတယ်။

Victor - Trend Myanmar

မှတ်ချက်များ