ရှန်ဇီအရပ် ဒေသမှာ နေထိုင်တဲ့ ဇာအိုယူဟာ ဦးနှောက် ထိခိုက်မိတဲ့ဒဏ်ရာ ရရှိထားတာကြောင့် စိတ်ဝေဒနာ ခံစားနေရပါတယ်။ ဒါကြောင့် မိဘဖြစ်သူတွေဟာ ဇာအိုယူကို ထွက်ပြေးသွားမှာ စိုးရိမ်တာကြောင့် ကြိုးနဲ့ အမြဲ ချည်နှောင်ထားခြင်း ဖြစ်ပါတယ်။ ဇာအိုယူရဲ့ မိဘတွေဟာ ဆင်းရဲလွန်းတာကြောင့် ထိရောက်တဲ့ စောင့်ရှောက်မှုတွေ ပေးနိုင်ခြင်း မရှိပါဘူး။ ဒါ ကြောင့် သုံးပေလောက် ရှည်လျားတဲ့ ကြိုးတစ်ချောင်းနဲ့ အမြဲချည် နှောင်ထားခြင်း ဖြစ်ပါတယ်။
ဇာအိုယူဟာ အသက် ရှစ်လအရွယ်မှာ အပြင်းဖျားခဲ့တာကြောင့် ဦးနှောက်ပိုင်း ဆိုင်ရာ ထိခိုက်သွားခဲ့ပါတယ်။ အသက် တစ်နှစ်အရွယ်မှာ ခုတင်ပေါ်က ပြုတ်ကျခဲ့တာကြောင့် ပိုမိုဆိုးရွားခဲ့ပြီး အရွယ်ရောက်လာတဲ့ အခါ စိတ်ဝေဒနာသည် ဖြစ်သွားခဲ့ပါတယ်။ ဆေးကုသမှု ပေးချင်ပေမယ့် ပိုက် ဆံမရှိတာကြောင့် ဒီအတိုင်းပစ်ထားခဲ့ပါတယ်။
မိဘတွေ အလုပ်ခွင်ဝင်တဲ့အခါ ထွက် ပြေးသွားမှာစိုးရိမ်တာကြောင့် ကြိုးနဲ့ အမြဲ ချည်နှောင်ခဲ့ရပါတယ်။ ဖခင်ဖြစ်သူက သမီးဖြစ်သူကို ဒီလိုမျိုး မလုပ်ချင်ကြောင်း၊ သို့ သော် အခြား နည်းလမ်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ဒီလိုမျိုး ဖြစ် ရပ်တွေ မကြာခဏ ပေါ်ပေါက်နေတာကြောင့် ဝေဖန်စရာ ဖြစ်နေကြောင်း သိရပါတယ်။
Messenger
Messenger

မှတ်ချက်များ