ဘူရွန်းဒီမှာ အာဏာသိမ်း ခေါင်းဆောင်တချို့ အဖမ်းခံရ
ဘူရွန်းဒီနိုင်ငံမှာ သမ္မတ Pierre Nkurunziza ကို ဆန့်ကျင်ပြီး အာဏာသိမ်းဖို့ ကြိုးစားရာမှာ ပါဝင်ခဲ့တဲ့ ခေါင်းဆောင် ၃ ဦးကို ဖမ်းဆီးလိုက်ပြီလို့ သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။
ဒါပေမယ့် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Godefroid Niyombare ကတော့ လွတ်မြောက် နေဆဲ ဖြစ်ပါတယ်။
ဒီမတိုင်ခင်ကတော့ ဗိုလ်ချုပ်ကြီး Godefroid Niyombare က သူနဲ့ သူ့အဖွဲ့ဝင်တွေဟာ အာဏာ သိမ်းတာကို အရှုံးပေး လက်နက်ချဖို့ ရှိတယ်လို့ အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
သမ္မတ Nkurunziza ကတော့ သူတိုင်းပြည်ကို ပြန်သွားခဲ့ပြီလို့ ပြောကြားခဲ့ပါတယ်။
မစ္စတာ Nkurunziza အနေနဲ့ သမ္မတ သက်တမ်း ၃ ဆက်မြောက်အတွက် လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် သူ တန်ဇေးနီးယား နိုင်ငံမှာ ရောက်နေစဉ် အခုလို စစ်တပ်ဗိုလ်ချုပ်တဦးက ဦးဆောင်ကာ အာဏာသိမ်းမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
BBC Burmese
.jpg)
မှတ်ချက်များ