“လယ်သမားကြီး ဦးမောင်ငယ်ပိုင် ၉ ဒသမ ၁၆ ဧကရှိတဲ့ လယ်နှင့်ဥယျာဉ် ခြံမြေများကို ရခိုင်ပြည်နယ်မှာ ထိုစဉ်က တာဝန်ရှိသည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဝင်းမြင့် လက်ထက်က သိမ်းဆည်းခဲ့ပါသည်။”
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေတလျှောက် တပ်က သိမ်းဆည်းထားသည့် လယ်မြေများ ပြန်လည်ရရှိရေးအတွက် တကိုယ် တော်ဆန္ဒဖော်ထုတ်ခဲ့သူ ဦးစိုးဝေကို သံတွဲမြို့နယ် တရားရုံးက မတ်လ ၂၆ ရက်နေ့တွင် ထောင်ဒဏ်သုံးလချမှတ်လိုက်ကြောင်း အလားတူမြန်မာ နိုင်ငံအနှံ့ နှစ်ပေါင်းများစွာ လယ်ယာတခုတည်းသာ လုပ်ကိုင်စားသောက် တတ်သည့် လယ်သမားဦးကြီးများ၏ လယ်ယာမြေများကို ၁၉၈၈ ခုနှစ် တပ်မတော်အာဏာသိမ်းပြီးနောက် တပ်တိုးချဲ့ဖို့၊ စီမံကိန်းလုပ်ဖို့၊ ဆေးရုံ ဆောက်ဖို့၊ စာသင်ကျောင်းများဆောက်ဖို့ သိမ်းခဲ့ကြသည်မှာ မရေတွက် နိုင်အောင် များလှသည်။
စာရေးသူသည် ရခိုင်ပြည်နယ် သံတွဲမြို့သို့ သတင်းကိစ္စတခု အတွက် ၂၀၁၄ ခုနှစ် စက်တင်ဘာလက ရောက်ခဲ့ပါသည်။ ဒုက္ခတွေ ရောက်နေကြသော ရိုးသားသည့် ရခိုင်တိုင်းရင်းသားများ၏ဘ၀ကို သိခဲ့ ရပါသည်။ တသက်လုံး စပါးစိုက်ပျိုးခြင်းသာ လုပ်တတ်ကြသော လယ် သမားများ လယ်သိမ်းမြေသိမ်းခံရသဖြင့် လုပ်စားစရာ လယ်မရှိ၊ မြေမရှိ။ ကယ်မဲ့သူလည်းမရှိ။ ကူညီကယ်တင်ပေးနိုင်မလားလို့ မျှော်လင့်ချက်နှင့် ရွေးချယ်ပေးလိုက်သူကလည်း လယ်သမားများအကျိုးအတွက် ဘာတခုမှ ဆောင်ရွက်ပေးနိုင်ခြင်းမရှိဘဲ ကိုယ့်အကျိုးစီးပွားတိုးတက်ဖို့ သာလုပ်ကိုင် နေတာတွေ့ခဲ့ရပါသည်။
ဖြစ်စဉ်မြောက်မြားစွာအနက်မှ နစ်နာသူတဦး၏ ဖြစ်စဉ်လေးတခု ကို နိုင်ငံတော်အကြီးအကဲအပါအ၀င် လွှတ်တော်တွင် ဖွဲ့စည်းပေးထား သော လယ်ယာမြေနှင့် အခြားသိမ်းဆည်းခံမြေများ စုံစမ်းရေးကော်မရှင် အဖွဲ့တို့ သိရှိအောင် ရေးပြချင်ပါသည်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ဇီးဖြူကုန်းကျေးရွာအုပ်စု လယ်သမားကြီး ဦးမောင်ငယ်ပိုင် ၉ ဒသမ ၁၆ ဧကရှိတဲ့ လယ်နှင့်ဥယျာဉ်ခြံမြေများကို ရခိုင်ပြည်နယ်မှာ ထိုစဉ်က တာဝန်ရှိသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဝင်းမြင့်လက်ထက်က သိမ်းဆည်းခဲ့ပါသည်။ စပါး များ ရင့်မှည့်လို့ ရိတ်သိမ်းဖို့ပြင်နေချိန်မှာ တပ်မတော်သားများက သေနတ် များနှင့်ဆင်းလာပြီး စပါးရိတ်နေသူတွေကို မောင်းထုတ်ကာ သိမ်းဆည်း ခဲ့ခြင်းဖြစ်ပါသည်။
အကြောင်းကတော့ မူလတန်းကျောင်းဆောက်ဖို့ဟူ၍ဖြစ်သည်။ မူလတန်းကျောင်းက ဇီးဖြူကုန်းရွာမှာရှိပြီးဖြစ်ပါသည်။ ယင်းနေရာသည် ယခု မက်စ်မြန်မာဟိုတယ် ဆောက်ထားတဲ့နေရာဖြစ်ပါသည်။ ယခင် ကျောင်းနေရာကို တိုင်းမှူးက လိုချင်သောကြောင့် လယ်သမားဦးမောင် ငယ်၏ လယ်ယာမြေ ၉ ဒသမ ၁၆ ဧကကို သိမ်းပြီး ထိုစဉ်ကာလမြေ စာရင်းမှူးအပါအ၀င် ခရိုင်အုပ်ချုပ်ရေးမှူးများ ဝေပုံကျခွဲဝေယူကြပြီး ၃ ဒသမ ၉၆ ဧက အကျယ်အ၀န်းရှိတဲ့ မြေကွက်ပေါ် ၄၀ဒ ထ ၆၀ဒ ကျောင်း အဆောက်အဦ တည်ဆောက်ပါသည်။
မြေကွက်၏ အလယ်ဗဟိုမှာ ကျောင်းဆောက်ထားခြင်းဖြစ်သောကြောင့် ကျောင်း၏ခေါင်းရင်းတွင် ၂၈၅ ပေ၊ ကျောင်းရဲ့ခြေရင်းဘက်၌ ၂၇၅ ပေကျော်ပိုနေပြီး ကျောင်းရှေ့မှာ ပေ ၁၀၀၊ ကျောင်းနောက်မှာ ပေ ၁၀၀ ပိုနေတာကို မြင်ခဲ့ရပါသည်။ မူလပိုင်ရှင် ဦးမောင်ငယ်၏သမီးဖြစ်သူ မမြင့်မြင့်က ကျောင်းခြေရင်း ပေ ၅၀ ချန်ပြီး ပေ ၂၀၀ ကျော်ကို လုပ်ကိုင်စားသောက်ဖို့ ၂၀၁၀ ခုနှစ်နောက်ပိုင်း ရခိုင်ပြည်နယ် တာဝန်ရှိသူထံသို့လည်းကောင်း၊ ဥက္ကဋ္ဌ ဦးတင်ထွဋ်(လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်)ထံသို့လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်များထံသို့လည်း ကောင်း အကြိမ်ပေါင်းမြောက်မြားစွာ စာရေးအသနားခံခဲ့ပါသည်။
ပညာရေးဌာန(စစ်တွေ) လ/ထညွှန်ကြားရေးမှူး ဒေါ်ခင်စီဆိုသူက သိမ်းဆည်းခံလယ်သမားမိသားစုနဲ့တွေ့ ဆုံပြီး ရပ်မိရပ်ဖတွေ သက်သေ ထားပြီး စစ်ဆေးခဲ့ပြီး ပိုလျှံမြေကို မူလလယ်သမားသို့ ပြန်ပေးသင့်ပါ ကြောင်း တင်ပြထားသော်လည်း မည်သို့ဖြစ်သည်မသိ၊ အာဏာရှိသူအချို့သာ ခြံစည်းရိုးကာရံခြင်း၊ မြေတူးရောင်းစားခြင်း ပြုလုပ်နေတာကိုတွေ့ခဲ့ ရပါသည်။
သိမ်းဆည်းစဉ်က မူလတန်းကျောင်းဆောက်ဖို့ သိမ်းခြင်းဖြစ်ပါ သည်။ အသိမ်းခံ ၉ ဒသမ ၁၆ ဧက ဖြစ်ပါသည်။ တကယ်တမ်းကျောင်း ဆောက်တော့ ၄၀' x ၆၀' အဆောက်အဦအရွယ် ကျောင်းငယ်လေးဖြစ်ပါ သည်။ နစ်နာသူများအနေဖြင့် ၁၉၉၆ မှ ယနေ့ ၂၀၁၄ ခုနှစ်ထိ ၁၈ နှစ်ကြာ ဘာလျော်ကြေးငွေ တပြားတချပ်မှ မရခဲ့ကြပါ။

၉ ဒသမ ၁၆ ဧကသိမ်းပြီး ချောင်ကျကျတနေရာတွင် ၄၀' x ၆၀' မြေတကွက်သာ အစား ပြန်ပေးခဲ့ပါသည်။ ဇီးဖြူကုန်းကျေးရွာသည် ငပလီကမ်းခြေဖြစ်ပါသည်။ ဟိုတယ်ကြီးများဖြစ်တည်လာပြီး ခရီးသွားဧည့်သည်တွေ(ပြည်တွင်းပြည်ပ) အ၀င်အထွက်ရှိလာ၍ မြေဈေးများ အဆမတန်တက်နေသောကြောင့် ကျောင်းဆောက်ပြီး ပိုနေတဲ့မြေကို မူလပိုင်ရှင်ထံပြန်မပေးလိုဘဲ ဒေသ အာဏာပိုင်တွေ အပိုင်စီးဖို့ အကွက်ချောင်းနေကြပါသည်။
စနစ်တကျ စိစစ်ပြီး မူလပိုင်ရှင်ထံ ပြန်လည်လွှဲပြောင်းမယ်ဆို ရင် . . . ။
ထွန်း(နေပြည်တော်) - News Watch(စောင့်ကြည့်သတင်းဂျာနယ်)
စနစ်တကျ စိစစ်ပြီး မူလပိုင်ရှင်ထံ ပြန်လည်လွှဲပြောင်းမယ်ဆို ရင် . . . ။
ထွန်း(နေပြည်တော်) - News Watch(စောင့်ကြည့်သတင်းဂျာနယ်)
.jpg)
မှတ်ချက်များ