နီပေါမှာ ၇.၄ ပြင်းအားရှိ ငလျင် ထပ်မံလှုပ်ခတ်ခဲ့
နီပေါနိုင်ငံ ဧ၀ရတ်တောင် အနီးက Namche Bazar မြို့နားမှာ အားပြင်းတဲ့ ငလျှင် လှုပ်ခတ်မှုတခု ဒီကနေ့ အင်္ဂါနေ့ မှာ ထပ်မံဖြစ်ပွားခဲ့ပါတယ်။
အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာန အဆိုအရ ပြင်းအား ၇.၄ ရှိတဲ့ ငလျင်ဟာ ခတ္တမန္ဒူမြို့အရှေ့ဘက် ၅၂ မိုင်အကွာမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒေသစံတော်ချိန် နေ့လည် ၁၂နာရီ ၃၅ မိနစ်အချိန်မှာ ထပ်မံ လှုပ်ခတ်တဲ့ ဒီငလျင် တုန်လှုပ်မှုဟာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့နဲ့ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဒါကာမြို့တို့မှာလည်း ရိုက်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်က နီပေါနိုင်ငံ အနောက်ပိုင်းမှာ ပြင်းအား ၇.၈ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၈ ထောင်ကျော် သေဆုံးခဲ့ပါတယ်။
BBC Burmese
.jpg)
မှတ်ချက်များ