ကိုကင်းသုံးမသုံး ဖော်ထုတ်ပေးမယ့် လက်ဗွေ စမ်းသပ်ကိရိယာ
လက်ဗွေပုံစံကို စစ်ဆေးခြင်းဖြင့် ကိုကင်းသုံးမသုံး ဖော်ထုတ်ပေးမယ့် တိကျသေချာတဲ့ နည်းစနစ်တစ်ခုကို သိပ္ပံပညာရှင်တွေ ဖန်တီးခဲ့ပါတယ်။
Surrey တက္ကသိုလ်မှ သုတေသီတွေ ပြုလုပ်ထားတဲ့ ယင်းနည်းဗျူဟာမှာ မူးယစ်ဆေးဝါး သုံးထားခြင်းမရှိမရှိ ဖော်ပြပေးမယ့် ပဋိဇီဝ လက္ခဏာတွေ အကဲခတ်ထောက်လှမ်းမှု လုပ်ပေးမှာဖြစ်ပါတယ်။
အရင်က တီထွင်ထားတဲ့ အခြားနည်းစနစ်တွေ ရှိခဲ့ပေမယ့် သူ့ရဲ့ အတိအကျဖော်ပြပေးမှုကြောင့် ဒီတစ်ခုကို ကြိုဆိုလိုက်ကြပါတယ်။
လက်ဗွေပုံစံတစ်ခု ကျန်ရစ်စေဖို့ စက္ကန့်ပိုင်းသာ ကြာပါတယ်။ သွေးဖောက်ရင် မိနစ် အနည်းငယ်ကြာတယ်။ ကျွမ်းကျင်ဝန်ထမ်း လိုအပ်ပြီး လူနာတွေအတွက် သိပ်အဆင်မပြေပါဘူးလို့ Surrey တက္ကသိုလ်မှ Dr Melanie Bailey က ဆိုပါတယ်။
လက်ဗွေပုံစံ တစ်ခုသာ ရှိရင် အဲဒီပုဂ္ဂိုလ်မည်သူမည်ဝါဖြစ်တဲ့ အကြောင်းလည်း ရရှိခဲ့လို့ အဲဒီပုဂ္ဂိုလ်နဲ့ ပတ်သက်တဲ့ အကြောင်းကိုလည်း ခြေရာခံ လိုက်ပြန်ကြည့်နိုင်ပါတယ်။
နောက်ဆိုရင် ဒီနည်းစနစ်ကို တရားရုံး၊ ထောင်၊ မူးယစ်ဆေးဖြတ်စခန်း၊ ဆေးရုံတွေနဲ့ ရဲစခန်းတွေမှာ အသုံးပြုဖို့အတွက် အလွယ်တကူ သယ်နိုင်တဲ့ လက်ဗွေမူးယစ်ဆေးဝါး စမ်းသပ်ကိရိယာအဖြစ် တီထွင်နိုင်မှာဖြစ်ပါတယ်။
Victor - Trend Myanmar

မှတ်ချက်များ