ချောင်းဆိုးပျောက်ဆေး ...


ဆေးဆိုင်ပိုင်ရှင်ဟာ သူ့ဆိုင်ထဲကို ၀င်လာတဲ့အချိန်မှာ ဆိုင်နံရံကိုအားပြုပြီး
ရပ်နေရရှာတဲ့လူတစ်ယောက်ကို တွေ့လိုက်ရပါတယ်။

ဒါကြောင့် ပိုင်ရှင်က သူ့ဝန်ထမ်းကို မေးလိုက်ပါတယ်။

"ဟိုနံရံနားကလူ ဘာရပ်လုပ်နေတာလဲ"

ဝန်ထမ်းက "အဲဒီလူလား.. မနက်က ဆိုင်ကို ရောက်လာပြီး ချောင်းဆိုးပျောက်ဆေး

လာဝယ်တယ်။ ချောင်းဆိုးပျောက်ဆေးရည်ဘူး မတွေ့တာနဲ့ ၀မ်းနုတ်ဆေးရည် တစ်ဘူးလုံး
ပေးလိုက်တယ်"လို့ ပြောပြလိုက်ပါတယ်။

ဆိုင်ပိုင်ရှင်က "မင်းရူးနေလား။ ချောင်းဆိုးတာကို ၀မ်းနုတ်ဆေးနဲ့ ကုလို့မရဘူးလေကွာ"

ဝန်ထမ်းက "ဟုတ်ပါတယ်။ ဒါပေမဲ့ ခု.. သူ့ကို ကြည့်လိုက်ပါဦး။ ချောင်းဆိုးရမှာ
ကြောက်နေပြီလေ"

Myanmar.mmtimes

မှတ်ချက်များ