![]() |
| ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်က ကျူးကျော်အိမ် အဖျက်ခံလိုက်သူတချို့ကို ဇန်နဝါရီလ ၃ဝ ရက်နေ့က တွေ့ရစဉ် Photo: Kyaw Htoon Naing, Kyaw Lwin Oo/RFA |
မနက်ဖြန် နောက်ဆုံးထားပြီး မဖယ်ရှားပေးတဲ့ နေ အိမ်တွေကို ဥပဒေနဲ့အညီ ၀င်ရောက်ဖယ်ရှား မှာဖြစ်ကြောင်း အမိန့်စာမှာ ဖော်ပြထားတယ်လို့ ၉၃ ရပ်ကွက် ဥက္ကဌ ဦးလှကြည်က ပြောပါတယ်။
"သူတို့ပိုင်မြေမဟုတ်တော့ လုပ်ထုံးလုပ်နည်းနဲ့အညီ အသိပေးစာပေးပြီးတော့ မြေပေါ်ကဖယ်ရှားပေးဖို့ ဆိုပြီးအမိန့်ထုတ်တယ်၊ သတ်မှတ်ထားတဲ့ရက်မှာ မဖယ်ပေးဘူး ဆိုရင် မိမိတို့၏အစီအစဉ်ဖြင့် ဖျက်သိမ်းပြေားရွှေ့ရှင်းလင်းပေးရန်အတွက် ဒီအမိန့်စာကို ပျက်ကွက်ခဲ့လျှင် မြေပေါ်ရှိအဆောက် အဦးအစရှိသည်တို့ကို အက်ဥပဒေပုဒ်မ ၂၁/၁ (၁) တွင်ပြဌာန်းထားသည့်အတိုင်း ရုံးမှအရေးယူပြီးလျှင် ကျူးလွန်နေထိုင်သူများမှာ တာဝန်နှင့်ကုန်ကျစရိတ်ခံစေပြီး ဖျက်သိမ်းရှင်းလင်း ရမည်ဖြစ်ကြောင်း အကြောင်းကြားပါသည်"
အရင်က အဲဒီမြေနေရာမှာ လယ်ယာမြေတွေနဲ့ ဓနိတောတွေသာရှိပြီး အစိုးရက လွန်ခဲ့တဲ့ ၁၉၉၇ ခုနှစ်မှာ ယုဇနကုမ္ပဏီထံ မြေနေရာငှားရမ်းထား ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ယုဇနကုမ္ပဏီက ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်အထိ တစ်စုံတစ်ရာအကောင်အထည် ဖော်ဆောင်ရွက်ခြင်း မရှိတာကြောင့် လူဦးရေ ၅ ထောင်ကျော်က အဲဒီမြေနေရာ မှာ နေအိမ်တွေ ဆောက်လုပ်ပြီး ၀င်ရောက်နေထိုင်ခဲ့ကြတာဖြစ် ပါတယ်။
အဲဒီနေရာမှာ ၀င်ရောက်နေထိုင်နေကြသူတွေဟာ နာဂစ်မုန်တိုင်းအပြီး ဧရာဝတီ တိုင်းက ရွှေ့ပြောင်းလာသူတွေ၊ ဂီရိမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ် က ပြောင်းလာသူတွေနဲ့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်အနီးတစ်ဝိုက်မှာရှိတဲ့ ရပ်ကွက်တွေက မိသားစုဝင်တွေ ဖြစ်ပါတယ်။
အိုးအိမ်ဦးစီးဌာနနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က ဒဂုံဆိပ်ကမ်းမြို့နယ်ကို အဆင့်မြှင့်တင်ဖို့အတွက်ဆိုပြီး အဆင့်မြင့်၊ အဆင့်လတ်နဲ့ အဆင့်နိမ့် အိမ်ရာတွေ ဆောက်လုပ်ဖို့အတွက် ၉၃ ရပ်ကွက်နဲ့အနီးတ၀ိုက်မှာ ပြင် ဆင်နေတယ်လို့ သိရပါတယ်။
RFA Burmese
.jpg)
မှတ်ချက်များ