မေ ၁၆ မှစ၍ ရန်ကုန်- မြ၀တီ ဖိုင်ဘာဆက်ကြောင်း ချို့ယွင်းမှုဖြစ်ပေါ်


မေ ၁၆ မှစ၍ ရန်ကုန်- မြ၀တီ ဖိုင်ဘာဆက်ကြောင်း ချို့ယွင်းမှုဖြစ်ပေါ်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှကြေညာသည်။

၂၀၁၅ ခုနှစ်၊ မေလ(၁၆) ရက်နေ့ ၀၇:၅၅ နာရီခန့်တွင် ရန်ကုန်- မြ၀တီ ဖိုင်ဘာဆက်ကြောင်း ချို့ယွင်းမှုကြောင့် ဆက်သွယ်ရေး ဆက်ကြောင်းများ ပြတ်တောက်မှု ဖြစ်ပေါ်လျက်ရှိကြောင်း၊ အင်တာနက်အသုံးပြုသူများ သည်းခံသုံးစွဲပေးရန် အနူးအညွတ် တောင်းပန်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ ဖိုင်ဘာဆက်ကြောင်း ချို့ယွင်းမှုဖြစ်ပေါ်နေခြင်းအား အမြန်ဆုံးပြန်လည် ကောင်းမွန် စေရန် ပြုပြင်ဆောင်ရွက် လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆိုထားသည်။

Internet Journal

မှတ်ချက်များ