တစ်နေကုန်ထိုင်နေရတဲ့ကုမ္မဏီဝန်ထမ်းတွေအတွက် လေ့ကျင့်ခန်းကောင်းများ




၁။ ရင်ဘတ် လေ့ကျင့်ခန်း


ကြမ်းပြင်ပေါ် ဒူးထောက်ထိုင်ချလိုက်ပြီး ရင်ဘတ်ကို ကော့ထားပါ။ လက်ကိုနောက်ပစ်ထားပါ။ ပြီးလျှင် အသက်ရှုသွင်းပြီး ၁၀ စက္ကန့်ခန့် အကြာမှာ ပြန်ထုတ်လိုက်ပါ။ ဒီလိုလုပ်ပေးခြင်းဟာ တစ်နေကုန် ကွန်ပျူတာ ကိုငေးကြည့်နေခြင်း ကြောင့် လည်ပင်းနာနေခြင်းကို သိသိသာသာ သက်သာစေမှာပါ။

၂။ တင်ပါးလေ့ကျင့်ခန်း

ခြေထောက်တစ်ဖက်ကို ကြမ်းပြင်မှာ ထောက်ထားပြီး ခြေထောက်တစ်ဖက်ကို ၉၀ ဒီဂရီ ကွေးပြီးထောက်ထားပါ။ ပြီးရင် လက်တစ်ဖက်ကို တင်ပါး ၊ ကျော နဲ့ တစ်ဆက်တည်းဖြစ်အောင်ဆန့်တန်းထားပါ။ ၁၀ စက္ကန့် ၁၅ စက္ကန့်ခန့် ပြုလုပ်ပေးပါက တစ်နေကုန်ထိုင်နေရတဲ့အတွက် တင်ပါး ရဲ့ နာကျင်ကိုက်ခဲမှုတွေကို ပျောက်ကင်းစေနိုင် ပါတယ်။

၃။ နောက်ကျောလေ့ကျင့်ခန်း

ကြမ်းပြင်ပေါ် လှဲအိပ်လိုက်ပါ။ ပြီးရင် ဒူးခေါင်းကိုကွေးကာ မြှောက်ပြီး လက် ၂ ဖက် နဲ့ ချုပ်ကိုင်လိုက်ပါ။ အဲဒီလို ၁၀ စက္ကန့် ၁၅ စက္ကန့် ခန့် လုပ်ပေးခြင်းဟာ သင့်ရဲ့ နောက်ကျော နာကျင်ကိုက်ခဲမှုတွေကို လျော့ကျစေမှာပါ။

၎။ ပခုံးလေ့ကျင့်ခန်း

သင့်ရဲ့ပခုံးကို လည်ပတ်စေဖို့ လက် တစ်ဖက်စီကို လွှဲကာ ရမ်းပေးပါ။ အဲဒီလို ၁၅ စက္ကန့် ခန့် လုပ်ပေးခြင်းဟာ သင့်ရဲ့ ပခုံးကြောများ တင်းနေခြင်းကို ပြေလျော့စေပါတယ်။

၅။ ခေါင်းနဲ့ ခြေမ လေ့ကျင့်ခန်း

အရင်ဆုံး မတ်မတ် ရပ်လိုက်ပါ။ ပြီးရင် သင့်ရဲ့ လက်ကို အပေါ်ကို အရင် ဆန့်တန်းပါ။ အပေါ်ကိုဆန့်ထားတဲ့ လက်နဲ့ မတ်တပ်ရပ်နေတဲ့ ခန္ဓာကိုယ်နဲ့ တစ်သားတည်းကျနေပါစေ။ ၈ စက္ကန့်ခန့် ပြုလုပ်ပြီးပါက ခြေမ ကို ထိအောင် ကုန်းပြီး လက်ကို အောက်သို့ ဆန့်တန်းလိုက်ပါ။ ဒီလေ့ကျင့်ခန်းဟာ အမှန်တစ်ကယ်တော့ ခေါင်းနဲ့ ခြေမ အတွက် မဟုတ်ပါဘူး။ တစ်ကိုယ်လုံးကို အကြောလျှော့တဲ့နည်းလမ်းတစ်မျိုးပဲဖြစ်ပါတယ်။

Ref : Health Megazine

မှတ်ချက်များ