အင်းတော်မြို့နယ် ဟောင်းကုန်းကျေးရွာအနီးတွင် တောင်သူများ မြေပဲနုတ်ချွေနေစဉ် မေ ၁၇ ရက်နေ့လည် ၂ နာရီခန့်က ရုတ်တရက်မိုးကြိုးပစ်ခဲ့သဖြင့် ဟောင်းကုန်းကျေးရွာနေ အမျိုးသမီးတစ်ဦး သေဆုံးပြီး မိုးကြိုးစက်ကွင်းကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ငါးဦး နာကျင်ကိုက်ခဲခြင်းများဖြစ်၍ မိုးညှင်းမြို့ ဆေးရုံတွင် တက်ရောက်ဆေးကုသနေရသည်။
မိုးကြိုးစက်ကွင်းမိသဖြင့် ဆေးရုံတက်ရောက်နေသူများမှာ ဦးသိန်းဝင်း(၄၂)နှစ်၊ ဒေါ်မအောင် (၅၂)နှစ်၊ ဒေါ်အေးမေ (၅ဝ)နှစ် ဒေါ်ခင်မာ (၃၇)နှစ်၊ ဒေါ်ခင်ဆွေဝင်း (၄ဝ)နှစ်နှင့် ဒေါ်ခင်စန်းအုန်း (၃၈)နှစ်တို့ဖြစ်သည်။ သေဆုံးသူများမှာ မခင်ဆန်းဝင်း (၄၁)နှစ်ဖြစ်သည်။ (ဝ၆၃)
Myanmaalinn
မှတ်ချက်များ