သေနတ်သမားတွေ ပစ်ခတ်မှုကြောင့် ပါကစ္စတန်မှာ လူ ၄၃ ဦး သေဆုံး


ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှာ အစ္စမာလီ ရှီယာ မွတ်စလင်တွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီးကို သေနတ်သမားတွေက တိုက်ခိုက်တဲ့အတွက် အနည်းဆုံး ၄၃ ဦးသေဆုံးခဲ့ပြီး အယောက် ၂၀ ဒဏ်ရာရရှိသွားခဲ့တယ်လို့ ရဲက ပြောပါတယ်။

သေနတ်သမား ၆ ဦးက မော်တော်ဆိုင်ကယ်တွေ ရပ်ပြီး ဘတ်စ်ကားပေါ်က ခရီးသည်တွေကို ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ပါကစ္စတန် ရဲ အရာရှိက ပြောပါတယ်။

ပါကစ္စတန် ၀န်ကြီးချုပ် Muhammad Nawaz Sharif က ဒီတိုက်ခိုက်မှုကို ရှုတ်ချလိုက်ပြီး စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားထားပါတယ်။

ဘတ်စ်ကားပေါ်မှာ ခရီးသည် ၆၀ လောက်ပါပြီး သူတို့ဟာ အစ္စမာလီ ရှီယာတွေ ၀တ်ပြုဆုတောင်းရာ နေရာကို သွားဖို့ ကရာချိမှာ ရပ်နားတာ ဖြစ်တယ်လို့ ရဲအရာရှိက ပြောပါတယ်။

BBC Burmese

မှတ်ချက်များ