အမ်ထရက်ခ် ခရီးသယ်တင် ရထားတစ်စင်း ဖီလာဒဲလဲဖီးယားတွင် လမ်းချော်


ခရီးသည် ၂ဝဝ တင်ဆောင် လာသော အမ်ထရက်ခ်ခရီးသည် တင် မီးရထားတစ်စင်းသည် ဖီလာ ဒဲလဲဖီးယားမြောက်ပိုင်း၌ အင်္ဂါနေ့ ညက ရထားလမ်းချော်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး ငါးဦးသေဆုံးခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရသူအများစုမှာ စိုးရိမ်ရ သော အခြေအနေတွင်ရှိကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

အာဏာပိုင်များက ရထားဘီး ချော် တိမ်းမှောက်မှုနှင့်ပတ်သက်၍ မည်သို့ဖြစ်ပွားကြောင်း မသိရသေးဟု ပြောခဲ့သည်။ ရထားတွဲများပေါ်မှ ခရီးသည်များသည် ကမ္ဘာပျက် သကဲ့သို့ဖြစ်ကာ ၄င်းတို့၏လက်ဆွဲ သေတ္တာ၊ ခရီးဆောင်အိတ်များမှာ လည်း ပြန့်ကျဲကုန်ကြောင်း အသက် ရှင်ကျန်ရစ်သူများက ကြောက်စရာ ကောင်းသော အနိဋ္ဌာရုံမြင်ကွင်းကို ပြောပြခဲ့သည်။

ဖီလာဒဲလဲဖီးယား မြို့တော်ဝန်က သတင်းစာရှင်းလင်းပွဲ၌ ရထားတိမ်း မှောက်မှုဖြစ်စဉ်တွင် အနည်းဆုံး ငါးဦးသေဆုံးပြီး အခြား ၆၅ ဦးကို ဒေသန္တရဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ရကြောင်း ၄င်းတို့ထဲမှ ခြောက်ဦး မှာ ဒဏ်ရာအပြင်းအထန် ရထား ကြောင်း ၄င်းမြို့တော်ဝန်က ပြော ကြားခဲ့သည်။

ဖီလာဒဲလဲဖီးယား ဒေသန္တရ ဆေးရုံနှင့် ကျန်းမာရေးစောင့်ရှောက် မှုက ရထားလမ်းချော်မှုကြောင့် စုစုပေါင်းလူနာ ၁၃၅ ဦးရှိကြောင်း ဖော်ပြခဲ့သည်။

ရထားလမ်းချော်မှုသည် အလွန် ကြီးမားသော ဘေးအန္တရာယ်ဆိုး ကြီး တစ်ခုဖြစ်ကြောင်း၊ ၄င်း၏ဘဝတွင် တစ်ခါမှ ဤသို့မမြင်ဖူးခဲ့ကြောင်း မြို့တော်ဝန်က ပြောကြားခဲ့သည်။

ဝါရှင်တန်မှ နယူးယောက်သို့ အသွား ရထားလမ်းချော်မှုဖြစ်ခဲ့သည့် ခရီးသည်တင်ရထား အမှတ် ၁၆၈ ပေါ်တွင် ခရီးသည် ၂၃၈ ဦးနှင့် ဝန်ထမ်းငါးဦးတို့ ပါရှိခဲ့သည်။

Myanmaalinn

မှတ်ချက်များ