မိုးလင်းမနား ကေတီဗီအား အရေးယူပေးပါရန် (ပေးစာ)


ပုသိမ်ကြိုးတံတားကြီးအနီးရှိ ကမ်းနီကျေး ရွာအုပ်စု လှည်းကျော်ကုန်းရွာ မူလတန်း လွန် ကျောင်းအနီး ဖွင့်လှစ်ထားသော "က မ္ဘ္ဘာသစ်" ကေတီဗီစားသောက်ဆိုင်သည် ကတ်ဝန်းကျင်၌ နေထိုင်သူများကို လူဟုပင်မသတ်မှတ်တော့ဘဲ မိမိတစ်ကိုယ်တည်း၏ စီးပွားကြီးပွားရေး အတွက်သာ ကြည့်ရှုကာ သန်းခေါင်ကျော်မိုးလင်းအ သည်အထိဖွင့်လှစ်ကာ ကာရာအိုကေ ဆောင်းဘောက်ကြီးများ အသံကုန်ဖွင့်ပြီး ကာရာအိုကေမယ်များ အမူးသမားများတို့ သံပြိုင်သီဆို အော်ဟစ်ပျော်မြူးနေကြသည်မှာ တစ်ညလည်းမဟုတ် နှစ်ညလည်း မဟုတ် နှစ်ရှည်လများ ကြာညောင်းလာပြီ ဖြစ်သဖြင့် ပတ်ဝန်းကျင်နေ ကျွန်တော်များမှာ စိတ်၏ဆင်းရဲခြင်း ကိုယ်၏ဆင်းရဲခြင်း အိပ်မရခြင်း အထိတ် တလန့်ဖြစ်ရခြင်းစသည့်ဒုက္ခများကို ခံစားနေရပါသည်။တာဝန်ရှိလူကြီးမင်းများက တစ်နေ့ပိတ်နိုးစောင့်မျော်မိသော်လည်း အချည်းနှီးသာ ဖြစ်နေရပါသည်။

မျက်စိစုံမှိတ်ကာ မသိချင်ယောင်ဆောင်နေကြသည်လား၊ သို့တည်းမဟုတ် အလိုတူအလိုပါ ခွဲတမ်းပင်ရနေကြ၍လားမသိ။အတော်ပင် သောင်းကျန်းချင်တိုင်း သောင်းကျန်း၍ရနေသည်မှာ အံ့မခန်းဖွယ်ဖြစ်ရပါသည်။

သို့ပါ၍ အများပြည်သူအပေါ် သက်ညှာသနား စိတ်ကောင်းစေတနာထားတတ်သည့် လူကြီးမင်းများက ထိုလုပ်ချင်တိုင်း လုပ်ခွ င့်ရ တစ်ကိုယ်ရေးကြီးပွားရေးအတွက် လူ့ပတ်ဝန်းကျင်ကိုမငဲ့ကွက် မသမာလော ဘဖြင့် စီးပွားတက်အောင် စီးပျက်ကမ်းပျ က် လုပ်ဆောင်နေသော ထို "ကမ္ဘာသစ်" ကေတီဗီ ကာရာအိုကေစားသောက်ဆိုင်ကြီးအား အမြန်ဆုံးအရေးယူပိတ်ပင်ပေးနိုင်ပါရန် တင်ပြတိုင်ကြားအပ်ပါသည်။

သမ္မာဒေဝ နတ်ကောင်းမသလို အမြင်မတော်သူ ကြားကြားသမျှ ဆိုင်ရာလူကြီးမင်းအပေါင်းက ထိုကေတီဗီဆိုင်အရှုပ်ကို ရွာမှ အမြန်ဆုံး ဖယ်ထုတ်ပေးနိုင်ပါစေကြောင်း ဆုတောင်းလိုက်ရပါသည်။အမြန်ဆုံးကယ်မတော်မူကြပါခင်ဗျား။ ။ ။

ပတ်ဝန်းကျင်နေ ပြည်သူတဦး

မှတ်ချက်များ