![]() |
| ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ) |
ဦးထွန်းထွန်းထိုက်သည် ကျောက်ဖြူမြို့နယ်၊ ကာပီချောင်းကျေးရွာတွင် ကွယ်လွန်သွားကြောင်း ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ပြောသည်။
‘‘ထိုင်းမှာရှိနေကတည်းက ရောဂါဖြစ်နေတာပေါ့နော်။ အဲဒီရောဂါကြောင့် စိတ်ဝေဒနာသည် ဖြစ်သေးတယ်။ ဆေးကုဖို့အတွက် ရန်ကုန်ကိုပြန်ခေါ်လာပြီး လူမှုအသင်းအဖွဲ့အစည်းတွေက ဆေးကုသပေးကြပါတယ်။ ဒါပေမဲ့ ရောဂါက ပိုပြီးဆိုးလာတာပေါ့။ အဲဒီရောဂါနဲ့ပဲ ဆုံးသွားတာပါ’’ဟု ဦးတင်ထူးအောင်က ပြောသည်။
လိပ်ကျွန်းလူသတ်မှုတွင် သားဖြစ်သူဝင်းဇော်ထွန်းစွပ်စွဲဖမ်းဆီးခံရသောကြောင့် ဦးထွန်းထွန်းထိုက်သည် ဇနီးဖြစ်သူနှင့်အတူ ၂၀၁၄ ခုနှစ် အောက်တိုဘာလက ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သည်။ အောက်တိုဘာ ၂၄ ရက်တွင် သားဖြစ်သူအား ဖမ်းဆီးချုပ်နှောင်ထားသော ကော့စမွီကျွန်းရှိ အကျဉ်းထောင်သို့ သွားရောက်ခဲ့ပြီး သားဖြစ်သူနှင့် တွေ့ဆုံခဲ့သည်။
ထိုင်းနိုင်ငံတွင် နေထိုင်စဉ် ဦးနှောက်ကင်ဆာရောဂါဖြစ်ပွားပြီး စိတ်ဝေဒနာဖြစ်ပွားသောကြောင့် ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁၁ ရက်တွင် ဆေးကုသရန်အတွက် ရန်ကုန်သို့ ပြန်ရောက်လာခဲ့သည်။
7day

မှတ်ချက်များ