![]() |
| ထိုင်းသွားမည့်သူများ ယခုရက်ပိုင်း Show Money ပြရန် မဖြစ်မနေ ပြင်ဆင်သွားရန်လို |
မေလ ၁၅ ရက်တွင် ချင်း တိုင်းရင်းသူ မသိင်္ဂီဝင်းသည် အ လည်အပတ်ဗီဇာ တစ်လယူပြီး ထိုင်းနိုင်ငံရှိ ဆွေမျိုးများထံ အ လည်အပတ်သွားရောက်ရာ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးက အ နည်းဆုံး ဒေါ်လာ ၂,၀၀၀ ပြသ ခိုင်းရာ ဒေါ်လာ ၅၀၀ သာ ပြသ နိုင်၍ ပြန်လွှတ်လိုက်ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။
မသိင်္ဂီဝင်းက ထိုင်းနိုင်ငံရှိ မြန်မာသံရုံးသို့ ဆက်သွယ်အကူ အညီ တောင်းခံခြင်း၊ ၎င်း၏ဆွေမျိုးများက လာရောက်၍ ဒေါ်လာ ၂,၀၀၀ ပြသပေးခဲ့သော်လည်း ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေး က လက်မခံဘဲ ပြန်လွှတ်လိုက်ခြင်းဖြစ်သည်။
‘‘ဗီဇာမှာက မေလ ၁၅ ရက် ကနေ ဇွန်လ ၁၅ ရက်အထိ ယူ ထားတာ။ လေယာဉ်လက်မှတ် ရောပဲ။ ကျွန်မက ဟိုမှာဆွေမျိုး တွေရှိတယ်။ အဲဒါကြောင့်ဒေါ်လာ ၅၀၀ ပဲယူသွားတာ။ သူတို့က တစ်ပတ်နေမယ် ဆိုရင်တောင် ဒေါ်လာ ၇၀၀ ပြရမယ်လို့ပြော တယ်။ ကျွန်မဆွေမျိုးတွေ ရောက်လာပြီး ဒေါ်လာ ၂,၀၀၀ လာပြပါတယ်။ မရဘူး။ နောက်တစ်ခေါက် ထပ်လာခဲ့လို့ ပြောလိုက်ပါတယ်’’ ဟု မသိင်္ဂီဝင်းကပြောသည်။
Air Asia လေကြောင်းလိုင်း သည် မသိင်္ဂီဝင်းပြန်မည့် ဇွန်လ ၁၅ ရက်အတွက် ဖြတ်ထားသော လေယာဉ်လက်မှတ်ကို အစားထိုး ရက်ချိန်းမပေးဘဲ နောက်ထပ်ပြန် မည့်လေယာဉ်လက်မှတ်အတွက် ဒေါ်လာ ၁၂၅ ကျပ် ပေးဆောင် ၀ယ်ယူ၍ ပြန်လာခဲ့ရကြောင်း ၎င်းကဆက်လက်ပြောသည်။
‘‘ထိုင်းသံရုံးကိုက အလည် သွားမယ့်သူဆိုရင် ဘတ်နှစ်သောင်းနဲ့ ညီမျှတဲ့ငွေ၊ ဒါမှမဟုတ်ဘတ်နှစ်သောင်းပြရမယ်လို့ ပြောထားပါတယ်။ သူဖြစ်တဲ့နေ့က ဘယ်နေ့က ဘာကိစ္စလဲဆိုတာ ကျွန်တော် ပြန်ကြည့်ရပါဦးမယ်။ အခုရက်ပိုင်း အတွင်းမှာတော့ ထိုင်းဘက်က စစ်ဆေးတာတွေ ဆက်တိုက်လုပ်နေပါတယ်’’ ဟု Air Asia လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
‘‘အဲဒီအမျိုးသမီးက ကျွန် တော့်ဘေးကနေ လိုက်လာတဲ့သူ တစ်ယောက်ပါ။ သူဒုက္ခရောက် တော့ ကျွန်တော့်ဆီကို ဖုန်းဆက် ပြီး အကူအညီတောင်းပါတယ်။ ကျွန်တော်ကလည်း သံရုံးကိုဖုန်း ဆက်ပြောပြပြီး အကူညီတောင်းခဲ့ ပါတယ်။ ဒါပေမဲ့ သူတို့က ပြန် လွှတ်လိုက်ပါတယ်။ သူတို့အ ကြောင်းပြချက်ကတော့ ဗီဇာက ရက်ရှည်ယူထားပြီး ပြတဲ့ပိုက်ဆံ က နည်းနေလို့ရယ်၊ထိုင်းမှာတည်း ခိုဖို့ လိပ်စာကို တိတိကျကျမပြော နိုင်တာရယ်၊ လက်ရှိအချိန်မှာ လူ ကုန်ကူးခံရတာတွေကြောင့် စိုးရိမ်ပြီး ပြန်ပို့တာလို့ ပြောပါတယ်’’ဟု မေလ ၁၅ ရက်က မသိင်္ဂီဝင်းသွားရောက်သည့် Air Asia လေ ကြောင်းလိုင်းတွင် ပါလာသူ ဦး ထူးချစ်ကပြောသည်။
ထိုင်းနိုင်ငံသို့ အခုရက်ပိုင်း အတွင်း သွားရောက်မည့်သူများ သည် အနည်းဆုံး ဘတ်ငွေနှစ် သောင်း ပြရန်လိုအပ်ကြောင်း၊ တည်းခိုမည့်လိပ်စာကို တိတိကျ ကျပြောနိုင်ရန်နှင့် လေယာဉ်လက်မှတ် အသွားအပြန်ပြရန်လို အပ်ကြောင်း ဦးထူးချစ်က အကြံ ပြုပြောကြားသည်။
7day daily

မှတ်ချက်များ