ထိုင်းနိုင်ငံ စူရာတ်ဌာနီ ကောစမွေ မြို့ မှ ၁၂နှစ်အ၇ွယ် ထိုင်းနိုင်ငံသူ မိန်းခလေးအား တနှစ်ခန့်  အလိုမတူဘဲ အတင်းအကြပ်လိမ်ဆက်ဆံနေသည့် ထိုင်းနိုင်ငံသား ပထွေးနှင့် အားပေးကူညီနေသည့် ထိုင်းနိုင်ငံသူ မိခင်အရင်း အား ဖမ်းဆီးပေးပါရန် မိန်းခလေး၏ ဖခင် အရင်းက ရဲစခန်းတွင် ၂၉ရက်မေလက လာရောက် အမှုဖွင့် တိုင်ကြားခဲ့သည်။
ဖခင်ဖြစ်သူမှာ အမှုခင်းတခုကြောင့် ထောင်ကျနေစဉ် ဇနီးက နောက် အိမ်ထောင်ပြုသွားခဲ့ရာ အတူပါသွားသည့် သမီးဖြစ်သူအား လင်မယားနှစ်ဦး အရက်မူးလာသည့်အခါတိုင်း ပထွေးဖြစ်သူနှင့် လိင်ဆက်ဆံပေး
ရန် အတင်းကြပ် ခိုင်းစေခြင်းခံရသည်။
လိင်ဆက်ဆံရန် ငြင်းဆိုသည့်အခါတိုင်း မိခင်ဖြစ်သူက ရိုက်နှက်ခြင်း သာမက ရေနွေးပူနှင့်လောင်းသည်အထိ လုပ်ခဲ့ပြီး တခြားသူအား ဖွင့်ပြောမည်ဆိုပါက သတ်ပြစ်မ ည်ဟု ပထွေးဖြစ်သူ က ခြိမ်းခြောက်ခဲ့သည်။
ဖခင် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာချိန်မှာ သမီးဖြစ်သူ စိတ်ရောဂါ ခံစားနေရသည်ကို ဆေးရုံသို့  သွားရောက်ပြသခဲ့ရာမှ မိန်းခလေးက ဆရာဝန်များ အားဖွင့်ပြောခဲ့ခြင်းဖြစ်သည်။
အဆိုပါလင်မယားမှာ ရဲများသွားရောက်မဖမ်းဆီးခင်အချိန် နေအိမ်မှ ထွက်ပြေးသွားခဲ့သည်။
Social Action for Women - SAW

မှတ်ချက်များ