 |
| ဓာတ်ပုံ- MFF |
မြန်မာ U 20 အသင်းအနေဖြင့် ကစားပုံနှင့် ပတ်သက်၍ ချီးကျူးမှုများ ရှိနေသည့် အပေါ်တွင် သာယာမနေဘဲ အာရုံစူးစိုက်ထားကြရန် လိုအပ်ကြောင်း မြန်မာယူ-၂၀ အသင်း လက်ထောက်နည်းပြ တစ်ဦးဖြစ်သူ ဦးညီညီလတ် ပြောဆို သတိပေးကြောင်း မြန်မာ့ဘောလုံးအဖွဲ့ချုပ်၏ သတင်းတွင် ထုတ်ပြန်သည်။ မိမိတို့ အသင်းအနေဖြင့် ယခုပြိုင်ပွဲတွင် ရလဒ်ကောင်း တစ်ခု ရယူလိုပါက အာရုံလွှင့်ပြန့်မနေဘဲ တစ်သင်းလုံး အာရုံစူးစိုက်မှု အပြည့် ရှိနေရန် လိုသည်ဟု သတိပေးစကား ပြောကြားခဲ့သည်။
"လာမယ့် ပွဲအတွက်က အနည်းဆုံး ပြီးခဲ့တဲ့ ပွဲကလောက်၊ ဒါမှမဟုတ် အဲဒီထက် သာအောင် လုပ်ရမှာမို့ ဒီအချိန်မှာ တစ်သင်းလုံး အာရုံစူးစိုက်မှု အပြည့်ထားရမယ့် အချိန် ဖြစ်ပါတယ်” သူက ပြောကြောင်း ဖော်ပြထားသည်။ ယခုအခါ Recovery Training လုပ်နေပြီး မနက်ဖြန်ကတော့ ယူကရိန်းနဲ့ ပွဲကို ပြင်ဆင်မည်ဖြစ်သည်ဟု သိရသည်။
ဧရာဝတီ
မှတ်ချက်များ