အမေရိကန်မှာ ကျွမ်းကျင်လုပ်သား ရှားပါးလာ


အမေရိကန် လုပ်ငန်းများသည် ကျွမ်းကျင်လုပ်သား ရှာဖွေရ ခက်သထက် ခက်လာနေကြကြောင်း တနင်္လာနေ့တွင် ထုတ်ပြန်သည့် စစ်တမ်းတစ်ရပ်က ဆိုလိုက်သည်။

အမေရိကန် ဘောဂဗေဒ ပညာရှင်များအဖွဲ့က ထုတ်ပြန်ခြင်း ဖြစ်သည်။ စစ်တမ်းတွင် ပညာရှင် (၁၁၂) ဦး၏ အကဲဖြတ်ချက်များကို ထည့်သွင်း ဖော်ပြထားသည်။ ထိုသူများအနက် (၃၅) ရာခိုင်နှုန်းက ယခုနှစ် ပထမ ခြောက်လအတွင်း ၎င်းတို့ ဘဏ္ဍာရေးဆိုင်ရာ အကြံပေးနေရသော လုပ်ငန်းများသည် ကျွမ်းကျင် လုပ်သား လုံလုံလောက်လောက် ရှာမရသည့်ပြဿနာ ကြုံနေရသည်ဟု ဆိုထားကြသည်။

၂၀၁၄ ပထမ ခြောက်လပတ်တုန်းက ကျွမ်းကျင်လုပ်သား ရှားပါးနေကြောင်း ပညာရှင် (၂၅) ရာခိုင်နှုန်းကသာ ဆိုခဲ့ကြရာမှ ယခုအခါ (၃၅) ရာခိုင်နှုန်းထိ ရောက်လာခြင်း ဖြစ်သည်။ လုပ်ငန်းငယ် (၄၄) ရာခိုင်နှုန်းသည်လည်း ပြီးခဲ့သည့် ခြောက်လ အတွင်း ကျွမ်းကျင်လုပ်သား ရှာမရသည့် ပြဿနာ ကြုံတွေ့ခဲ့ရကြောင်း အမေရိကန် လွတ်လပ်သော လုပ်ငန်းများ အဖွဲ့အစည်းက ထုတ်ပြန်ပြောကြားသည်။ အမေရိကန် နိုင်ငံတွင် အလုပ်လက်မဲ့နှုန်း ကျဆင်း နေသော်လည်း ကျွမ်းကျင်လုပ်သား ရှားပါးမှုက အခြေအနေ ဆိုးလာသည်ဟု စစ်တမ်းက ဆိုလိုက်သည်။

The Messenger

မှတ်ချက်များ