လစာမမျှတမှုတွေကို ဝေဖန်လို့ ဘောနပ်စ် မရခဲ့တဲ့ Google အင်ဂျင်နီယာ


ဂူဂဲလ်ဝန်ထမ်းဟောင်းတစ်ဦးက သူမ ကုမ္ပဏီမှာ ရှိစဉ်က ကုမ္ပဏီအတွင်း လစာမမျှတမှုတွေကို ဝေဖန်ခဲ့တဲ့နောက် ဘောနပ်စ် မရတာမျိုးလို မမျှမတဆက်ဆံတာမျိုးတွေပါ ဆက်ဆံခံခဲ့ရကြောင်း ဖွင့်ဟလို့ လာပါတယ်။

အဲရစ်ဘေကာဆိုတဲ့ အင်ဂျင်နီယာတစ်ယောက်ဟာ ဂူဂဲလ်မှာ ကိုးနှစ်ကြာ အလုပ်လုပ်ခဲ့တဲ့သူပါ။
သူမရဲ့ ဂူဂဲလ်နောက်ဆုံးရက်များထဲမှ တစ်ရက်မှာတော့ သူမက ရုံးတွင်း လစာစာရင်းစာရွက်ကို ဖြန့်ဝေပြီး ၀န်ထမ်းတစ်ချို့ရဲ့ လစာတွေမှာ မမျှတမှုတွေ ရှိနေတယ်လို့ ကုမ္ပဏီကို စွပ်စွဲခဲ့ပါတော့တယ်။

သူရဲ့ ဒီအပြုအမူကြောင့်ပဲ မူလက သူမရမယ်လို့ လုပ်ဖော်ကိုင်ဖက်တွေ ယူဆထားကြတဲ့ ဘောနပ်စ်များစွာ ငြင်းပယ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Slack ဆိုတဲ့ စာတိုပို့တဲ့အက်ပလီကေးရှင်းတစ်ခုမှာ ပြောင်းလဲလုပ်ကိုင်နေ ပြီဖြစ်တဲ့ ဘေကာက လစာစာရင်းအတွက် ၀န်ထမ်းတစ်ဦးချင်းစီကို ကိုယ်စီ ကိုယ်ငှ ဖြည့်စွက်ခိုင်းကာ စုဆောင်းခဲ့တာပဲဖြစ်ပါတယ်။

ဖိုးသူတော်

မှတ်ချက်များ