စင်ကာပူ တိရစ္ဆာန်ရုံ၊ စင်ကာပူ ယူနီဗာဆယ် စတူရီယိုတို့ အာရှတွင်ထိပ်ဆုံး


ဒေသတွင်း ဆွဲဆောင်မှုများထဲတွင် စင်ကာပူ တိရစ္ဆာန်ရုံ၊ စင်ကာပူ ယူနီဗာဆယ် စတူရီယိုတို့သည် TripAdvisor ခရီးသွား လမ်းညွှန် ၀က်ဘ်ဆိုက်မှ တစ်ဆင့် နိုင်ငံတကာ ခရီးသွားများ၏ မဲပေးရွေးချယ်မှုတွင် ထိပ်ဆုံး ရရှိကြောင်း သိရသည်။

စင်ကာပူ တိရစ္ဆာန်ရုံပြီးလျှင် ဒုတိယအဖြစ် ထိုင်းနိုင်ငံမှ ခေါင်ချိုး တိရစ္ဆာန်ရုံ၊ တတိယအဖြစ် တရုတ်နိုင်ငံမှ ချီမီလောင် ရှန်ကျင်း အမျိုးသား သဘာဝ ဥယျာဉ်တို့ ရွေးချယ်ခံရသည်။ တစ်ကမ္ဘာလုံး အတိုင်းအတာအားဖြင့် အမေရိကန်မှ ဆန်ဒီယေဂို တိရစ္ဆာန်ရုံက ပထမ ရွေးချယ်ခံရပြီး စပိန်မှ လိုရိုပါချူး တိရစ္ဆာန်ရုံက ဒုတိယ ရရှိကာ စင်ကာပူ တိရစ္ဆာန်ရုံက တတိယ ရွေးချယ်ခံရသည်။

““ယခုနှစ်မှာ စင်ကာပူ နှစ် (၅၀) ပြည့် အခမ်းအနားလည်း ရှိတာကြောင့် စင်ကာပူ တိရစ္ဆာန်ရုံဟာ စင်ကာပူကို ကမ္ဘာ့မြေပုံပေါ်မှာ ပိုထင်ရှားလာအောင်လည်း ကူညီနိုင်ပါလိမ့်မယ်”” ဟု စင်ကာပူ တောရိုင်း သဘာဝ လုပ်ငန်းများဆိုင်ရာ ဥက္ကဋ္ဌ ဒေါက်တာ ချန်ဝမ်-ဟွားက ပြောသည်။

TripAdvisor ၀က်ဘ်ဆိုက်ကို အသုံးပြုသည့် တစ်ကမ္ဘာလုံးမှ ခရီးသွားများ၏ အမှတ်ပေးချက်များကို စုပေါင်း အကဲဖြတ်ပြီး အဆင့် သတ်မှတ်ခြင်း ဖြစ်ကြောင်း သိရသည်။

The Messenger

မှတ်ချက်များ