သိထားသင့်တဲ့ စခရင်မ် သန့်ရှင်းကိရိယာအကြောင်း


နေ့စဉ် အသုံးပြုနေကြတဲ့ ဖုန်း၊ လက်ပ်တော့ပ်နဲ့ တက်ဘလက်တွေ ဆိုတာ ကျွန်ုပ်တို့အတွက် မရှိမဖြစ် ပစ္စည်းတွေထဲ အညစ်ပတ်ဆုံး အရာတွေပါတဲ့။ လက်ကိုင်အိတ်၊ ထမင်းစားစားပွဲ၊ မီးဖိုချောင် အမှိုက်အိတ်နဲ့ အိမ်သာထိုင်ခုံတို့နဲ့ တစ်တန်းတစ်စားတည်းတွေလို့လည်း သတ်မှတ်ထားပါတယ်။

အဲဒီအကြောင်းကြောင့် Henry The Hoover Screen cleaner ကို ထီထွင်ခဲ့ပါတယ်။ ၄င်းရဲ့အင်မတန် နူးညံ့သော microfiber အောက်ခြေ အကူအညီနဲ့ ဒီ screen cleaner က screen များကို အလွန်အမင်း တောက်ပြောင်သန့်စင်စေပါတယ်။

သူ့ရဲ့အားသာချက်က တီဗွီအပါအဝင် ဘယ် screen မျက်နှာပြင်မဆို သန့်ရှင်းဖို့ အသုံးပြုနိုင်ပြီး ဖန်ထည်၊ မှန်ထည်ပေါ်ရှိ ကပ်စေးတဲ့ လက်ဗွေရာတွေကို ဖယ်ရှားလို့လည်း ရနိုင်ပါတယ်။ Electronic device တွေ သန့်ရှင်းခြင်းအတွက်လည်း အထူးကောင်းမွန်ပါတယ်။ ဒီ cleaner ဟာ သွားလေရာ သယ်လို့ပြုလို့ ရနိုင်အောင် ဗူးငယ်လေးတစ်ခုနဲ့ လာပါတယ်။ ကြိုးကွင်းလေးတစ်ခုပါ အဆင်သင့် ပါဝင်တာကြောင့် အလွယ်သုံးအတွက် device နဲ့ ချိတ်ဆက်နိုင်ပြီး စက်ကိုလည်း ဆေးကျောနိုင်ပါတယ်။ ပစ္စည်းကိုတော့ Amazon.com မှာ ၁၀.၇၈ ဒေါ်လာနဲ့ ဝယ်ယူရရှိနိုင်ပြီလို့ သိရပါတယ်။

Trend Myanmar

မှတ်ချက်များ