တော်တော်နဲ့ မပျော်တဲ့ ရေခဲမုန့်


နွေရာသီပူပူမှာ ရေခဲမုန့်လေး စားပြီး ရင်ထဲ အေးမြရတာ ကောင်းသော်လည်း နေအပူကြောင့် ရေခဲမုန့် မြန်မြန်ပျော်ကာ လက်မှာလည်း စေးကပ်ကပ် ဖြစ်ရသလို၊ မပျော်ခင် ကုန်အောင် စားရသဖြင့် မောရသည်မှာလည်း မတန်အောင် ရှိလှသည်။

ထိုပြဿနာကို ဖြေရှင်းပေးမည့် တော်တော်နဲ့ မပျော်တဲ့ ရေခဲမုန့်မျိုး ပညာရှင်များ တီထွင်နိုင်ပြီ။ BslA ဆိုသော ပရိုတိန်းဓာတ်သည် ရေခဲမုန့်ထဲ ပါဝင်သော ဓာတ်ပစ္စည်းများကို တွဲစပ်ချုပ်ထိန်း ပေးထားနိုင်စွမ်းရှိရာ ထိုပရိုတိန်း အကူအညီ ဖြင့် ရေခဲမုန့်ကို တော်တော်နဲ့ မပျော်အောင် လုပ်နိုင်ကြောင်း လေ့လာ တွေ့ရှိခဲ့ကြောင်း စကော့တလန်ရှိ အက်ဒင်ဘာရာ တက္ကသိုလ်မှ ရူပဗေဒနှင့် နက္ခတဗေဒ ပါမောက္ခဆိုက် မက်ဖီးက ဆိုသည်။

''စားသုံးသူတွေ အတွက်ရော၊ ထုတ်လုပ်သူတွေ အတွက်ပါ အကျိုးပြုမယ့် လေ့လာတွေ့ရှိမှုပါ'' ဟု ပါမောက္ခ မက်ဖီးက ဆိုသည်။

လာမည့် သုံးနှစ်မှ ငါးနှစ်အတွင်း တော်တော်နဲ့ မပျော်တဲ့ ရေခဲမုန့်မျိုးတွေ လက်တွေ့ ထုတ်လုပ်နိုင်တော့မည်ဟု ပါမောက္ခမက်ဖီးက အာမခံ ပြောကြားသည်။ 

messenger news journal

မှတ်ချက်များ