မိမိဖုန်း အပူလွန်ကဲမှု မဖြစ်အောင် ကြိုတင်ကာကွယ်နည်းတချို့


နေပူလှုံခြင်း၊ ရေကူးခြင်းနဲ့ ဇိမ်ခံဖို့အတွက် နွေရာသီ အပူချိန်က အလွန်သင့်တော်ကောင်းမွန်ပါတယ်။ သို့ပေမယ့် အဲဒါဟာ သင့်စမတ်ဖုန်းအတွက်တော့ မကောင်းပါဘူး။ ဖုန်းအပူလွန်တာ အသက်အန္တရာယ်များပြီး တချို့ကိစ္စတွေမှာ အပူလွန်ကဲရင် ဖုန်းကို လုံးဝ ပျက်စီးသွားစေနိုင်ပါတယ်။ နေပူထဲ အပန်းဖြေသွားတဲ့အခါ မိမိဖုန်းကို ကြိုတင်ကာကွယ်ထားဖို့ လိုအပ်ပါတယ်။

(၁) ဖုန်းကို နေရောင်နဲ့ တိုက်ရိုက်ထိတွေ့သော နေရာတွေမှာ မထားပါနဲ့။ အပူချိန်ပိုမိုလျော့နည်းတဲ့ တစ်ရိပ်တစ်ခုခုအောက် သို့မဟုတ် အိတ်တစ်ခုခုထဲ ထည့်သိမ်းထားပါ။

(၂) ဖုန်းအခွံကို ဖြုတ်မထားပါနဲ့။ အပူထိန်းပေးပြီး ဖုန်းကိုအေးနေအောင် ကာကွယ်ပေးလို့ဖြစ်ပါတယ်။

(၃) မလိုအပ်တဲ့ background ပရိုဂရမ်တွေ ပိတ်ထားပါ။ processer ကို ပူနွေးမှုသာဖြစ်စေပါလိမ့်မယ်။

(၄) မလိုအပ်သေးရင် ဖုန်းကို ပိတ်ထားလိုက်ပါ။ အပူအချက်ချင်း သက်သာစေပါလိမ့်မယ်။

(၅) ဂိမ်း သို့မဟုတ် map တွေ အသုံးမပြုပါနဲ့။ ဂိမ်းကစားစဉ် သို့မဟုတ် map သုံးတဲ့အခါ ဖုန်းအပူမြင့်တက်တာ သတိထားမိပါလိမ့်မယ်။

(၆) ဖုန်းကို ကားထဲ ချန်မထားခဲ့ပါနဲ့။

(၇) ဖုန်းက အရမ်းပူနေလျှင် အားမသွင်းပါနဲ့။ ဘက်ထရီတွေဟာ အားသွင်းနေစဉ် အပူမြင့်တက်ကြတာဖြစ်တယ်။

Trend Myanmar

မှတ်ချက်များ