![]() |
| ရန်ကုန်မြို့မှ အဆောက်အအုံများအား တွေ့ရစဉ်။ Photo: AFP |
အဆိုပါပြပွဲကို စင်ကာပူနိုင်ငံ ပင်နီဆူလာပလာဇာ၊ ဂရင်းပတ်စီး တီးဟော ဒုတိယထပ်ရှိ ဂရန်းခန်းမ ၌ အောက်တိုဘာ ၂၄ ရက်မှ ၂၅ ရက်အထိ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါပြပွဲ၌ မြန်မာနိုင်ငံတစ် ဝန်းရှိ ရောင်းရန်ရှိ အိမ်ခြံမြေများ အား တစ်နေရာတည်း၌ အလွယ် တကူရှာဖွေနိုင်မည်ဖြစ်ပြီး အိမ်ခြံ မြေအကြောင်း သိကောင်းစရာများ အကြောင်းကိုလည်း သက်ဆိုင်ရာ ပညာရှင်များမှ ဟောပြောမည်ဖြစ် ကြောင်း သိရသည်။
အလားတူပြပွဲသို့တက်ရောက် လာသူများကို သိန်း ၅၀ တန်ဖိုးရှိ ဆုမဲပေါင်းများစွာ ကံစမ်းမဲဖောက် ပေးမည်ဖြစ်ကြောင်းနှင့် ပြပွဲ တက် ရောက်ရန် ကြိုတင်၍ စာရင်းပေး သွင်းသူများကို ပြပွဲနေ့၌ အထူး လက်ဆောင်ပစ္စည်းများ ပေးအပ် သွားမည်ဖြစ်ကြောင်းကိုလည်း အ ဆိုပါလူမှုကွန်ရက်မှတစ်ဆင့် သိရသည်။
Democracytoday

မှတ်ချက်များ